ဆာ ကန်နီ ဒဲလ်ဂလစ်ရှ်ရဲ့အသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားပေးခဲ့တာဖြစ်ပါတယ်။

စတီဗင် ဂျရတ်ဟာ ရန်ပုံငွေပွဲစဉ်မှာ လီဗာပူးလ်ဂန္တဝင်အသငး်အတွက် ပင်နယ်တီကနေ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက် အဝေးကွင်းပရိသတ်တွေဖြစ်တဲ့ ဆဲလ်တစ် ပရိတသ်တွေရှိရာဆီကို တန်းပြေးသွားခဲ့ပါတယ်။

ရိန်းဂျားစ် နည်းပြဟောင်းဖြစ်တဲ့ အသက် ၄၂ နှစ်အရွယ် လီဗာပူးလ်ကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ စနေနေ့က လီဗာပူးလ် ဖောင်ဒေးရှင်းအတွက် ရန်ပံငွေပွဲစဉ်အဖြစ် ဆဲလ်တစ်ဂန္တဝင်များနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ဆာ ကန်နီ ဒဲလ်ဂလစ်ရှ်ရဲ့အသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားပေးခဲ့တာဖြစ်ပါတယ်။

 

လူးဝစ္စ ဂါစီယာ၊ ဒါ့ ကောက်ချ်၊ ဂယ်ရီ မက်ကယ်လစ္စတာ၊ မိုမို ဆစ်ဆိုကို၊ မာတင် စကာတယ်လ်တို့လို လီဗာပူးလ်ဂန္တဝင်တွေနဲ့အတူ စတီဗင် ဂျရတ်က အန်းဖီးမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ကွင်းလယ်မှာ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် ၃၇ မိနစ်မှာ ဒါရင်း အိုဒီးက မာတင် စကာတယ်လ်ကို ပင်နယ်တီဧရိယာထဲမှာ လှဲချခဲ့တာကြောင့် ရရှိလာတဲ့ ပင်နယ်တီကို စတီဗင် ဂျရတ်က တာဝန်ယူ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဆဲလ်တစ်ပရိသတ်အချို့ရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပြီးနောက် ဂျရတ်က ဆဲလ်တစ်ဂိုးသမား အာတာ ဘိုရတ်ကို အလဲထိုးပြီး အန်းဖီးကွင်းထဲမှာ ပွဲခံနေတဲ့ အဝေးကွင်းပရိသတ် ၄၀၀၀ ကို ပါးစပ်ပိတ်ထားဆိုတဲ့ အောင်ပွဲခံဟန်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

အဲဒီအခိုက်အတန့်ဟာ အဝေးကွင်းပရိသတ်တွေအတွက်တော့ ဒေါသထွက်စရာ ဖြစ်ခဲ့ပြီး လီဗာပူးလ်အသင်းဖော်တွေနဲ့ အောင်ပွဲခံနေတဲ့ စတီဗင် ဂျရတ်ရှိရာကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီအောင်ပွဲခံဟန်ကို လူမှုကွန်ရက်ပေါ်က ပရိသတ်တွေက တုံ့ပြန်ခဲ့ကြပြီး ပရိသတ်တစ်ဦးက “ဒါက ရန်ပုံငွေပွဲပါ။ သူတို့တွေက ဂျရတ်ကို တကယ်ကြီး အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်”လို့ ဝေဖန်ခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးက “ကလော့ပ်ရဲ့ အသင်းထဲမှာ အကောင်းဆုံးအချိန်တုန်းက ဂျရတ် ရှိနေအောင် လုပ်ဖို့ ဘာတွေ ပေးရမလဲဆိုတာကို ထုတ်ပြောလို့တောင် မရနိုင်ဘူး”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က