တဖက် ၂ဂိုးစီ သရေကျခဲ့တာပါ။

ယာဂင်ကလော့ပ်ရဲ့ လီဗာပူးလ်ကတော့ ဘရိုက်တန်ကွင်းမှာလည်း နောက်ကလိုက်ကစားပြီး ရလဒ်ကောင်းရယူနိုင်ခဲ့ပါတယ်။ ဒီဇာဘီရဲ့ အသင်းက ဂိုးသွင်းကြမ်းတယ်လို့် နာမည်ရနေတဲ့ အသင်းဖြစ်ပြီး လီဗာပူးလ်ကလည်း သူတို့ကို ဂိုးစသွင်းရင် ကိုယ့်ဘ၀ကိုယ်တွေးထားဆိုပြီး ဒီရာသီမှာ ပြသနေတဲ့ အသင်းဖြစ်နေခဲ့တာပါ။ 



ဒီပွဲမှာလည်း ဘရိုက်တန်က လီဗာပူးလ်ခံစစ်က ဗန်ဒိုက်ရဲ့ ပေါ့ဆတဲ့ လူပေးမှုကနေ အဖွင့်ဂိုးရသွားခဲ့တာပါ။ လီဗာပူးလ်တို့ နောက်ကလိုက်ကစားနေခဲ့ရပြီး ပထမပိုင်းမှာပဲ ဆာလာက ချေပဂိုး၊ ပင်နယ်တီကနေ ဦးဆောင်ဂိုးကို သွင်းယပေးခဲ့လို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ 

လီဗာပူးလ်ရဲ့ ဒီရာသီမှာ အရှုံးကနေ အနိုင်ရအောင် ပြန်ကစားနိုင်စွမ်းကတော့ တကယ်ချီးကျူးစရာကောင်းနေခဲ့တာပါ။ ပွဲအများအပြားမှာ သူတို့က ၁-၀ အနေအထားနဲ့ ကစားခဲ့ရပြီး ဂိုးတွေပြန်သွင်းကာ အနိုင်ရအောင် ကစားကာ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းကောင်းမွန်မှုနဲ့ ယုံကြည်ချက်ပြည့်၀နေတာကို ပြသနိုင်ခဲ့ပါတယ်။ 



စပါးနဲ့ပွဲမှာ VAR အမှားကြောင့် နစ်နာခဲ့ရပေမယ့် လီဗာပူးလ်ကတော့ သူတို့ပုံစံအမှန်ကို ပြသနိုင်ဆဲဖြစ်ပါတယ်။ ဒီစိတ်ဓာတ်ပိုင်းခိုင်မာမှုက သူတို့ကို အောင်မြင်မှုရအောင် ယူပေးဖို့ရာ အဓိကျတဲ့နေရာကနေ ပါဝင်လာမှာလည်း သေချာပါတယ်။ 



ဘရိုက်တန်ကလည်း အိမ်ကွင်းမှာ အမှတ်ရဖို့အတွက် တော်တော်လေးကို ရုန်းကန်ခဲ့လို့ ဒုတိယပိုင်းမှာ လီဗာပူးလ်ကစားရတာက ခက်ခဲခဲ့ပါတယ်။ ဒါကြောင့်လည်း မိနစ် ၈၀ မှာ လီဝန်ဒန့်ခ်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပြီး ၂ ဂိုးစီသရေကျသွားပါတယ်။

Share

Loading Next Article...
က္က