နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေ ရထားတဲ့ ဂျပန်မင်းသမီးနဲ့ ဂျပန်မြန်မာချစ်ကြည်ရေး ဇာတ်ကားမျိုး ရိုက်ကူးဖို့ ပြင်ဆင်နေတာပါ။ လက်ရှိမှာ ဂျပန်ရောက်နေပြီး သူ့ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
Photo : ကိုပေါက်
လက်ရှိမှာ အောင်မြင်နေတဲ့ Lady Boy ရုပ်ရှင်ဇာတ်ကားကြီးကို ပုံဖော်ရိုက်ကူးထားတဲ့ ဒါရိုက်တာ ကိုပေါက်က ထိုင်းမြန်မာ ချစ်ကြည်ရေး ဇာတ်ကားရိုက်ကူးပြီးနောက်မှာ ဂျပန်နဲ့ ရုပ်ရှင်ဇာတ်ကားရိုုက်ကူးဖို့ ပြင်ဆင်နေပါတယ်။ ဂျပန်-မြန်မာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ အိပ်မက်ဟာ သူ့မှာအစကတည်းက ရှိခဲ့ပြီး အခု အဲဒီ အိပ်မက်ကို အကောင်အထည်ဖော်နိုင်တော့မယ်လို့ ဆိုပါတယ်။
Photo : ကိုပေါက်
“ဒီခရီးစဉ်ဟာ ဂျပန် နဲ့ မြန်မာ ထပ်ပေါင်းဖို့ကြိုးစားခဲ့တဲ့ ခရီးစဉ်ပါ။ တစ်ခါက ဝေးလံခေါင်သီပြီး မီးမရှိဘဲ ကားဆိုလို့တစ်ပတ်နေမှ မာစတာဂျစ်တစ်စီးသာမြင်ရတဲ့နေရာက စာမတော်တဲ့ လူငယ်တစ်ကောင်။ ဖားရှာ ငါးရှာပြီး gas မီးခြစ်ထည့် ရခိုင်မုန့်တီရောင်း သစ်စက်မှာအကြမ်းလုပ် ဂျင်းဘောင်းဘီဝယ်ဝတ်ချင်လို့ ရေမြောင်းတူး ပဲ့ဒေါင်မောင်းခဲ့ရတဲ့ ခပ်ဆိုးဆိုး ဂျစ်ကန်ကန် လူငယ်တစ်ကောင်။ အဲ့ဒီကောင်က ကျွန်တော်ဆိုရင် အရင်က ကျွန်တော့အိပ်မက်တွေက အိပ်မက်ထဲမှာပဲရှိနေခဲ့ပါတယ်။ တစ်ခါက နံပါတ်ပြားလှီးတဲ့ဘဝ ဆိုင်းဘုတ်ရေးတဲ့ဘဝ အရောင်းစာရေးဘဝ မော်ဒယ်လျှောက် တဲ့ဘဝ Dj ကိုပေါက်ဘဝ ဇာတ်ညွှန်းဆရာမင်းသခင်ဘဝ မင်းသားသူငယ်ချင်းသရုပ်ဆောင်ဘဝ အဓိကဇာတ်ပို့ဘဝ ဒါရိုက်တာဘဝနဲ့ ဘဝပေါင်းများစွာကူးခတ်ရုန်းကန်ခဲ့ရာ ကာလတလျှောက် အခုတော့ ကျွန်တော့အိပ်မက်တွေ အကောင်အထည်ပေါ်လာအောင် အကောင်အထည်ဖေါ်နိုင်ခဲ့ပါပြီ” ဆိုပြီး ဇွန်လ(၁၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
Photo : ကိုပေါက်
ဂျပန်- မြန်မာ ချစ်ကြည်ရေးအတွက် ဝတ္ထုဟာ တခြား ဒါရိုက်နောက် ပါသွားခဲ့ပေမယ့် သူ့ရဲ့ အိပ်မက်တွေကတော့ ရပ်မသွားခဲ့ပါဘူးတဲ့။ လွန်ခဲ့တဲ့ (၂)နှစ်က စိတ်ကူးယဉ်ခဲ့တာတွေကဟာ ဒီနေ့မှာ အကောင်အထည်ဖော်နေပါပြီဆိုပြီး ပြောထားပါတယ်။
“ရီစရာတွေ မောစရာတွေ နှစ်နိုင်ငံရဲ့လေးစားစရာ ချစ်ခင်စရာ စရိုက်တွေ လွမ်းစရာတွေ အားရအတုယူစရာတွေ စိတ်ခွန်အားရစရာတွေနဲ့ နောက်တစ်ခါထပ်တွေ့ရမယ် ကျွန်တော့ရုပ်ရှင်အတွက် ရင်ခုန်နေပါတယ်” လို့ ဆိုပါတယ်။ ကိုပေါက်ဟာ လက်ရှိမှာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးလျက်ရှိပါတယ်။
Photo : ကိုပေါက်
ကိုယ်ပိုင်ရုပ်ရှင်ထုတ်ရးတစ်ခုဖြစ်တဲ့ သော်ဝန်းကြာဖြူ ရုပ်ရှင်ထုတ်လုပ်ရေး အတွက ်ဇာတ်ကားတွေ ရိုက်နေသလို မကြာခင်မှာလည်း ထုတ် လုပ်ရေးရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ '' အသည်းလေးတွေ ပေးပါ'' ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသနိုင် ဖို့အတွက် ကြိုးစားလျက်ရှိပါတယ်။ သော်ဝန်းကြာဖြူရုပ်ရှင် ထုတ် လုပ်ရေးရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ဆယ်လီရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။