ချာရတီဖလား ပွဲအပြီးမှာ ရရှိခဲ့ကြတာပါ။

အဖွင့်ပွဲအဖြစ် လာမယ့် ၁၂ရက်နေ့မှာစစ်ကိုင်းယူနိုက်တက်နဲ့ အဝေးကွင်းကစားရမှာ ဖြစ်ပြီး နည်းပြ ဦးမင်းသူကတော့ အစားထိုးမယ့် ကစားသမားအဆင်သင့်ရှိလို့ မစိုးရိမ်ဘူးလို့ ပြောထားပါတယ်။

Photo - Shan Utd FC



ရှမ်းယူနိုက်တက်အသင်းရဲ့ အဓိကကစားသမားနှစ်ဦးလို့ ပြောရမယ့် ဂျပန်ကွင်းလယ်လူ နာကာမူရာနဲ့ ဘယ်နောက်ခံလူ ဟိန်းသီဟဇော်တို့ နှစ်ဦးကတော့ ဒဏ်ရာ ပြဿနာ အနည်းငယ်စီရှိနေကြပါတယ်။

ချာရတီ ဖလား ပြိုင်ပွဲအဖြစ်ရန်ကုန်နဲ့ ကစားခဲ့တဲ့ ပွဲအပြီးမှာ ကိုယ်စီ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ဂျပန် ကွင်း လယ်လူ နာကာမူရာကတော့ တံကောက်ကြော ဒဏ်ရာရနေတာ ဖြစ်သလို ဟိန်းသီဟဇော်က ခြေကျင်းဝတ် ဒဏ်ရာ ရရှိထားတာပါ။

Photo - Shan Utd FC

“ကျွန်တော့်မှာ နှစ်သင်းစာရှိတယ်။ဒီကစားသမားတစ်ယောက် ဒဏ်ရာရသွားရင် အစားထိုးမယ့် အရံအင်အား အလုံအလောက်ရှိတယ်။ဒါကြောင့် ကျွန်တော် မစိုးရိမ်ပါဘူး။ဒါပေမယ့် ဒီကစားသမားနှစ်ဦးကလည်း အသေး စားဒဏ်ရာတွေပဲ ရနေတာပါ။” လို့ နည်းပြချုပ် ဦးမင်းသူကပြောပါတယ်။

ဟိန်းသီဟဇော်က ပြီးခဲ့တဲ့ တစ်ရာသီလုံးနီးပါး ဒဏ်ရာကြောင့် အသင်းနဲ့ မပါဝင်ထားနိုင်သလို ဂျပန် ကစား သမားကလည်း ဒီနှစ်မှ အသင်းကို ရောက်လာတာပါ။

ချာရတနီပွဲမှာ ဟိန်းသီဟဇော်က ဒီနှစ် ပထမဆုံး ပွဲမှာ ဘယ်နောက်ခံလူ နေရာကနေ ကစားခဲ့ပြီး အသစ်ခေါ်ထားတဲ့ နန္ဒကျော် က ဘယ်အတွင်းလူနေရာကနေ ကစားခဲ့ပါတယ်။

ရှမ်းယူနိုက်တက်အသင်းကတော့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပြန်စမယ့် ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ အဖွင့်ပွဲအဖြစ် စစ်ကိုင်းယူနိုက်တက်အသင်းနဲ့ အဝေးကွင်း ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က