တောင်ကိုရီးယားရဲ့ ဒုတိယအကြီးဆုံးမြို့ ဘူဆန်ကို ဦးတည်နေကြောင်း မိုးလေဝသက ထုတ်ပြန်ထားပါတယ်။

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း Haishen က ဂျပန်နိုင်ငံ တောင်ပိုင်းကျွန်းတွေကို ဖြတ်သန်းတိုက်ခတ်ခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံကို ဆက်လက် ဦးတည်နေကြောင်း သိရပါတယ်။

(Photo: Yonhap)

ဂျပန်ကို တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်စဥ် ကြီးမားတဲ့ ထိခိုက်ပျက်စီးမှု သို့ဟုတ် သေဆုံးဒဏ်ရာရမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ တောင်ကိုရီးယားမှာ တိုင်ဖွန်မုန်တိုင်း ယနေ့ (စက်တင်ဘာ ၇ ရက်) ဝင်ရောက်နိုင်မှုအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားခဲ့ပါတယ်။



တိုင်ဖွန်း Haishen ဟာ လေတိုက်နှုန်း တစ်နာရီလျှင် ၈၉ မိုင်အထိဖြင့် တိုက်ခတ်နေပြီး မြောက်ဘက်သို့ ရွေ့လျားနေကာ တောင်ကိုရီးယားရဲ့ ဒုတိယအကြီးဆုံးမြို့ ဘူဆန်ကို ဦးတည်နေကြောင်း တောင်ကိုရီးယား မိုးလေဝသဌာနက ပြောထားပါတယ်။ မုန်တိုင်းကြောင့် လေပြင်းတိုက်မှုတွေ ဖြစ်ပေါ်နေခဲ့ပြီး ကိုရီးယားကျွန်းဆွယ် တောင်ဘက်စွန်းရှိ ဂျေဂျူအပန်းဖြေကျွန်း အပါအဝင် နေအိမ် ၅,၀၀၀ နီးပါး လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံနေနခဲ့ရပါတယ်။

(Photo: Reuters)

ဂျေဂျူအပန်းဖြေကျွန်းမှာ စနေနေ့ (စက်တင်ဘာ ၅ ရက်) မှစပြီး မိုးရေချိန် ၁၉ လက်မကျော် ရွာသွန်းခဲ့ကြောင်း သိရပါတယ်။ တိုင်ဖွန်းမုန်တိုင်းအန္တရယ်ရှိတာကြောင့် အာဏာပိုင်တွေက လူဦးရေ ၁,၀၀၀ နီးပါးကို ရွှေ့ပြောင်းပေးခဲ့ပြီး ဂျေဂျူနိုင်ငံတကာလေဆိပ် (Jeju International Airport) အပါအဝင် လေဆိပ် ၁၀ ခုမှ လေကြောင်းခရီးစဥ် ၃၀၀ ကျော်ကို ဖျက်သိမ်းခဲ့ပါတယ်။

ထို့အတူ ပန်းခြံများသို့ ဝင်ရောက်ခွင့်နဲ့ ရထားခရီးစဥ်အချို့ကိုလည်း ရပ်ဆိုင်းထားကြောင်း တောင်ကိုရီးယား ဘေးကင်းလုံခြုံမှုဆိုင်ရာ ဝန်ကြီးဌာနက ပြောပါတယ်။ တိုင်ဖွန်း Haishen ဟာ တိုင်ဖွန်းမေဆက်ခ် ကိုရီးယားကျွန်းဆွယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ရက်ပိုင်းမျှအကြာမှာ ဝင်ရောက်လာမယ့် မုန်တိုင်းလည်းဖြစ်ပါတယ်။

(Photo: Reuters)

တောင်ကိုရီးယားကို တိုင်ဖွန်းမေဆက်ခ် ဖြတ်သန်းတိုက်ခတ်ခဲ့စဥ် အနည်းဆုံး လူနှစ်ဦး သေဆုံးပြီး နေအိမ် ထောင်နဲ့ချီ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်း Haishen ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ဆိပ်ကမ်းမြို့ Chongjin အနီးကိုလည်း ယ‌နေ့ နှောင်းပိုင်းမှာ ဖြတ်သန်းတိုက်ခတ်သွားမယ်လို့ ခန့်မှန်းထားပါတယ်။

ဂျပန်မှာ တိုင်ဖွန်း Haishen ဖြတ်သန်းတိုက်ခတ်ခဲ့ပြီးနောက် ကျူရှူးကျွန်း အနောက်တောင်ပိုင်းရှိ နေအိမ် ၄၄၀,၀၀၀ ခန့်မှာ ယနေ့ မနက်ပိုင်းအထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေဆဲဖြစ်ကြောင်း NHK သတင်းဌာနက ဖော်ပြပါတယ်။ ဂျပန်မှာ တိုင်ဖွန်း Haishen တိုက်ခတ်မှုအတွင်း လေယာဥ်လှေခါးပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျမှုနဲ့ ယာယီခိုလှုံရေးစခန်းရဲ့ ပြတင်းပေါက်မှန်ကွဲပြီး လူလေးဦး ပြတ်ရှဒဏ်ရာရမှု အပါအဝင် လူ ၃၂ ဦး ဒဏ်ရရခဲ့ကြောင်း သိရပါတယ်။ 

.

Share

Loading Next Article...
က္က