အပူလှိုင်းကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မကြာသေးမီက ရေကြီးမှုတွေ ဆိုးရွားစွာဖြစ်ပေါ်ခဲ့တဲ့ ဂျပန်မှာ အပူလှိုင်းကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး နိုင်တစ်ဝှမ်း အပူလှိုင်းဒဏ်အန္တရာယ် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ကြရန် တိုက်တွန်းထားကြောင်း သိရပါတယ်။

Photo: AP





ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အပူဒဏ်နဲ့ဆက်နွယ်တဲ့ ကျန်းမာရေးပြဿနာများဖြင့် လူပေါင်း ၁၂,၀၀၀ ဆေးရုံမှာကုသမှု ခံယူခဲ့ရတယ်လို့ ဆိုပါတယ်။ ယခု သီတင်းပတ်အစောပိုင်းက ဂျပန်အလယ်ပိုင်းမှာ အပူချိန် ၄၀.၇ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ပြီး ငါးနှစ်အတွင်း တစ်နိုင်ငံလုံးမှာ အမြင့်ဆုံး အပူချိန်ဖြစ်ခဲ့ပါတယ်။

Photo: AP



ကျိုတိုမြို့မှာ အပူချိန်ဟာ ၁၉ ရာစုနှစ်မှစပြီး အဆိုပါမြို့ရဲ့ အပူချိန်ကို မှတ်တမ်းတင်ခဲ့ပြီးနောက်ပိုင်း ၃၈ ဒီဂရီဆဲလ်စီးယပ်အထက်ကို ပထမဆုံးအကြိမ် ခုနစ်ရက်ဆက်တိုက် မြင့်တက်ရောက်ရှိနေခဲ့ကြောင်း သိရပါတယ်။

Aichi စီရင်စုမှာ အသက်ခြောက်နှစ်အရွယ် ယောက်ျားလေးတစ်ဦး ကျောင်းပြင်ပ သင်ကြားမှုတစ်ခုအပြီးမှာ သေဆုံးခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်းရှိ စာသင်ကျောင်းများကို အပူဒဏ်ကာကွယ်ရေး လိုအပ်တဲ့ စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ကြရန် ဂျပန်ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

Photo: VOA



အပူဒဏ်ကြောင့် ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ရန်အတွက် ရေလုံလောက်စွာသောက်ကြရန် ဂျပန်နိုင်ငံ မိုးလေဝသဌာနက တိုက်တွန်းထားကြောင်း သိရပါတယ်။ အပူချိန်မြင့်တက်နေမှုက ရေကြီးမှုတွေ ဆိုးရွားစွာ ကြုံခဲ့ရတဲ့ ဂျပန်အနောက်ပိုင်းဒေသတွေမှာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေမှုကိုလည်း အခက်တွေ့စေခဲ့ပါတယ်။

ယခုလအစောပိုင်းက ဂျပန်နိုင်ငံမှာ စံချိန်တင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က