အောင်မြင်မှုကတော့ အခုထိတိုင်ပါပဲ။

 “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အောင်မြင်မှုတော့ အံ့မခန်းပါပဲ။ နိုင်ငံတွေ တော်တော်များများမှာ ပြသခဲ့ပြီးပါပြီ။

Photo : မုန်းစွဲ

ပြည်တွင်းမှာ အောင်မှုတွေ ဆက်တိုက်ရရှိခဲ့တဲ့ “မုန်းစွဲ “ရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာခင်မှာ ပြုလုပ်တော့မယ့် ဂျပန်ရုပ်ရှင်ပွဲတော်ကြီးမှာ ပါဝင်ပြသဖို့ ကမ်းလှမ်းခြင်းခံရတယ်လို့ သိရပါတယ်။

“၂၀၂၀ ဧပြီလ ဂျပန်နိုင်ငံမှာ ကျင်းပမည့် ဂျပန်ရုပ်ရှင်ပွဲတော်မှ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးအား ပြသဖို့ ကမ်းလှမ်းခံရပါပြီ”ဆိုပြီး 7th Sense Film Production ရေးက ဝေမင်းမောင်ရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၂၃) ရက်နေ့က ရေးသားထားပါတယ်။

Photo : မုန်းစွဲ

အောင်မြင်မှုတွေ ဆက်တိုက်ရနေတဲ့ “မုန်းစွဲ” အဖွဲ့သားတွေအတွက် ပရိသတ်တွေက ဝမ်းသာလို့နေပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးက နိုင်ငံတော်တော်များများမှာ ပြသထဲပြီး ဖြစ်သလို မြန်မာနိုင်ငံမှာလည်း ဆုတံဆိပ် တွေများစွာ ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်အကယ်ဒမီပေးပွဲမှာလည်း ဒါရိုုက်တာဆု၊ အမျိုးသားဇာတ်ပို့ဆု၊ ရုပ်ရှင်အသံဆု၊ ရုပ်ရှင်ဓာတ်ပုံဆုတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ထို့အပြင် သတင်းမီဒီယာသမားများက ပေးအပ်တဲ့ Star Awards ဆုပေးပွဲကြီးမှာလည်း မုန်းစွဲ ရုပ်ရှင်ဇာတ်ကားက Best Story Awards ဆုကို ရရှိခဲ့ပါသေးတယ်။

Photo : မုန်းစွဲ

“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးဟာ ပြည်တွင်းရုပ်ရှင်ရုံကြီးများမှာ အချိန်အကြာဆုံး ပြသနိုင်ခဲ့တဲ့ ဇာတ်ကားကြီးဖြစ်ပြီး ပရိသတ်တွေရဲ့ တောင်းဆိုမှု အများဆုံး ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကလည်း အများကြီးရှိပါတယ်။ ဒီဇာတ်ကားကို 7th Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး(အကယ် ဒမီ)၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး(အကယ်ဒမီ)၊ အေးဝတ်ရည်သောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က