under-display လက်ဗွေစနစ်သုံးထားပါတယ်။

RAM 8 GB သုံးတဲ့ ပထမဆုံး Huawei ဖုန်းတစ်လုံးဖြစ်ပြီး နောက်ဆုံးပေါ်အကောင်းဆုံး ဂရပ်ဖစ်နည်းပညာကို သုံးလာတာကတော့ Honor 10 GT ပါပဲ။



photo: GSMArena

 

ဧပြီလထဲက ထွက်ထားခဲ့တဲ့ Honor 10 ကို ထပ်မံ အဆင့်မြှင့်ထားတဲ့ edition သစ် Honor 10 GT မှာ စိတ်ဝင်စားစရာ အကောင်းဆုံး နည်းပညာ ၃ ခု ပါရှိပါတယ်။ တစ်ခုက RAM 8GBအထိ သုံးလာတာပါ။ ကျန်တာကတော့ Huawei ရဲ့ ဂရပ်ဖစ်နည်းပညာသစ် GPU Turbo နဲ့Night Mode ကင်မရာနည်းပညာစနစ် ထည့်သွင်းလာတာ ဖြစ်ပါတယ်။ ကျန်တာကတော့ Honor 10 နဲ့တစ်ပုံစံတည်း ဖြစ်ပါတယ်။

GPU Turbo နည်းပညာသစ်ကြောင့် King of Gloryလို QQ Speed လို ဂိမ်းမျိုးကို frame rate အပြည့်နဲ့ဆော့လို့ရအောင် HDR Gaming စနစ် ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ဒါတင်မဟုတ်ဘဲ စမတ်ဖုန်းတစ်လုံးရဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်ကို ၆၀% အဆင့်မြှင့်တင်ပေးပြီး ပါဝါသုံးစွဲမှုကို ၃၀% လျှော့ချနိုင်မှာပါ။ ဒီနည်းပညာကြောင့်ပဲ ဘက်ထရီအား ၂% လောက်ကို standby ထားရင် ၈ နာရီအထိ ခံလာမှာ ဖြစ်ပါတယ်။ Huawei ဟာ GPU Trubo နည်းပညာကို Honor Play မှာ စပြီး သုံးစွဲခဲ့ပါတယ်။

 

Honor 10 GT ရဲ့ နောက်ထပ်ထူးခြားချက်က tripod မလိုဘဲ ညမြင်ကွင်းကို ကြည်လင်ပြတ်သားအောင် ရိုက်ကူးနိုင်မယ့် Super Night Scene Mode ပါလာပါတယ်။ AI နည်းပညာအကူအညီနဲ့အမှောင်မှာ ပုံတစ်ပုံကို တုန်ခြင်း မှုန်ခြင်း မရှိရိုက်ကူးနိုင်မယ့် ဒီ mode ကို Huawei ဟာ P20/P20 Pro တို့မှာ စတင်မိတ်ဆက်ခဲ့တာပါ။ အခုတော့ ဒီလိုမျိုး ကင်မရာ feature ကို Honor 10 GT မှာ ဇူလိုင် ၁၂ ရက်နေ့beta update နဲ့အတူ သုံးနိုင်တော့မယ်လို့ဆိုပါတယ်။

တစ်ခြား specs တွေအနေနဲ့Honor 10 GT ဟာ Honor 10 စတိုင် 19:9 screen ဒီဇိုင်း မျက်နှာပြင် ၅.၈၄ လက်မ IPS LCD display နဲ့လာပါတယ်။ CPU အနေနဲ့Huawei နောက်ထွက် flagship ဖုန်းတွေမှာမြင်နေကျ Kirin 970 chipset ကိုမှ RAM 8GB နဲ့တွဲဖက်သုံးသွားတာပါ။ ကင်မရာနည်းပညာအနေနဲ့ကျောဘက်မှာ Honor 10 GT ဟာ 24MP+16MP နှစ်လုံးတွဲ ကင်မရာ ၊ portrait mode ဖမ်းနိုင်တဲ့ 24MP ရှေ့ကင်မရာတွေ ပါလာပါတယ်။

ဒီဖုန်းဟာ Honor 10 လိုပဲ display အောက်မှာ ultrasonic fingerprint sensor ထည့်သွင်းထားပါတယ်။ ဒီနည်းပညာကို လက်တွေ့အသုံးချနေတဲ့ စမတ်ဖုန်းကလည်း ဈေးကွက်မှာ ခပ်ရှားရှားပါ။ under-display fingerprint scanner အပြင် မျက်နှာနဲ့လော့ခ်ဖွင့်နိုင်တဲ့ Face Unlock စနစ်လည်း ပါဝင်လာပါတယ်။  နောက်တစ်ခုက Honor 10 GT မှာ သုံးထားတဲ့ 3400 mAh ဘက်ထရီဟာ ၂၅ မိနစ်အားသွင်းရုံနဲ့ဘက်ထရီအား ၅၀% ထိ တက်စေမယ့် Super Charge အားအမြန်သွင်း စနစ် ဖြစ်နေပါတယ်။

photo: Phonearena

 

EMUI 8.1 သုံးထားတဲ့ Android 8.1 Oreo ဆော့ဖ်ဝဲလ်စနစ် ပါတဲ့ Honor 10 GT ကို လာမယ့်ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး JD.com အွန်လိုင်းစတိုးကနေ ရောင်းချသွားမှာပါ။ ဈေးနှုန်းကတော့ RAM 8GB မော်ဒယ် Honor 10 GT တစ်လုံးဟာ ၂၉၉၉ ယွမ် (မြန်မာငွေ ၅ သိန်းခွဲ) ဈေး ကျသင့်မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က