ဒေါ်လာဘီလျံနဲ့ချီပြီး ဒဏ်ရိုက်ခံရတော့မှာပါ

Facebook အတွက် ဖက်ထရယ်ကုန်သွယ်ရေးကော်မရှင်ရဲ့ နောက်ထပ် ထိုးနှက်ချက်တစ်ခု ထွက်လာပြီ ဖြစ်ပါတယ်။

         ဒီတစ်ခါမှာတော့ closed group တွေထဲက အချက်အလက်တွေကို ကာကွယ်မှုနဲ့ဆိုင်ပါတယ်။ Facebook ဟာ private groups တွေထဲက ကျန်းမာရေးနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ပေါက်ကြားစေခဲ့တယ်လို့FTC က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ အများပြည်သူအကြား ပေါက်ကြားမှု ဖြစ်စေခဲ့တဲ့ BRCA group ကနေ ဒီပြဿနာဟာ စတင်ခဲ့တာပါ။

         BRCA အဖွဲ့ဟာ အမျိုးသမီး group ဖြစ်ပြီး ဒီအဖွဲ့ထဲက ဗီဇပြောင်းလဲမှုအကြောင်း ပြောခဲ့တဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေထဲမှာ နာမည် ၊ အဖွဲ့ဝင်တွေရဲ့ အီးမေးလ်လိပ်စာတွေ ပါပြီး ဈေးကွက်ရှာသူတွေအတွက်လုပ်ထားတဲ့ chrome extension တစ်ခုကနေ ပေါက်ကြားခဲ့တာပါ။ BRCA group မှာ သတင်းအချက်အလက် ပေါက်ကြားမှု ဖြစ်ပြီးနောက် Facebook ဟာ ဒီလုံခြုံရေး ယိုပေါက် loophole ကို ပိတ်ခဲ့သလို Chrome plug-in ကိုလည်း သုံးစွဲမှု ရပ်ခဲ့ပါတယ်။

         ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးၤ Facebook ကတော့ အချက်အလက်တွေ ဝင်ကြည့်လို့ရတယ်ဆိုရာမှာ ကိုယ်ရေးကိုယ်တာ ပြစ်ချက် privacy flaw မရှိဘူး လို့ငြင်းဆန်ခဲ့ပါတယ်။ secret groups လိုမျိုး ဝင်ဖို့ခက်ခဲတဲ့ groups တွေမှာ တစ်ယောက်ယောက်ကနေ ဒီအဖွဲ့ထဲ ဝင်ရောက်ဖို့ပိုပြီး ခက်ခဲအောင် ကန့်သတ်ထားတာကြောင့်လို့ဆိုပါတယ်။ BRCA အဖွဲ့ခေါင်းဆောင်နဲ့လုံခြုံရေးကျွမ်းကျင်သူတို့ကတော့ Facebook အနေနဲ့group တစ်ခုထဲ ဝင်တဲ့ အခါမျိုးမှာ user တစ်ယောက်ရဲ့ ကိုယ်ရေးအချက်အလက် ဘယ်လောက် ပေးဆပ်ရမယ်ဆိုတာမျိုးကို ရှင်းရှင်းလင်းလင်း ပြောဖို့ပျက်ကွက်ခဲ့တယ်လို့ဝေဖန်ခဲ့ပါတယ်။

Photo: washingtonpost

         FTC ကတော့ အမေရိကန်ဥပဒေအရ Facebook အနေနဲ့သုံးစွဲသူရဲ့ အချက်အလက်တွေ ဒေါင်းလုပ်ဆွဲခြင်းကို ကာယကံရှင်တွေဆီ အသိပေးရမယ်လို့ဆိုပါတယ်။

         " Facebook ဘက်က ဒီလို ဖြစ်သွားတဲ့ users တွေဆီ ရက်ပေါင်း ၆၀ အတွင်း အသိပေးမယ့် အချက်ကို ပျက်ကွက်ခဲ့တယ်။ ကျွန်တော်တို့ယုံကြည်တာကလည်း Facebook အနေနဲ့FTC ကို ဒီပေါက်ကြားမှုနဲ့ပတ်သက်ပြီး ၁၀ ရက်အတွင်းအကြောင်းကြားမှု မလုပ်ခဲ့ဘူးဆိုတာပါပဲ" လို့FTC ဘက်မှ စောဒဂတက်ထားပါတယ်။

         Facebook ဟာ သုံးစွဲသူ အချက်အလက်ကာကွယ်ရေးမှာ ပျက်ကွက်ခဲ့မှုကြောင့် ဒေါ်လာ ဘီလျံနဲ့ချီပြီး ဒဏ်တပ်ခံရဖို့လည်း ရှိနေတာကြောင့် အမေရိကန်အစိုးရနဲ့ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က