ချန်ပီယံလိဂ်ကစားဖူးတဲ့ မန်ယူရဲ့အသက်အငယ်ဆုံးကစားသမားဖြစ်လာတာပါ။

မေဆင်ဂရင်းဝုဒ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ ဂရင်းဝုဒ်မတိုင်မီ ဂျရတ်ပီကေးက ၂၀၀၄ ခုနှစ်မှာ စံချိန်တင်ခဲ့တာဖြစ်ပြီး ၁၅ နှစ်အကြာမှာ ပီကေးရဲ့စံချိန်ကျိုးပျက်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ် ဒုတိယပိုင်း ၈၇ မိနစ်မှာ အက်ရှ်လေယန်းကို ထုတ်ပြီး အကယ်ဒမီထွက် လူငယ်ကစားသမား မေဆင်ဂရင်းဝုဒ်ကို ပွဲဦးထွက်ကစားစေခဲ့ပါတယ်။

အသက် ၁၇ နှစ်နဲ့ ၁၅၆ ရက်သာရှိသေးတဲ့ ဂရင်းဝုဒ်ဟာ ၁၅ နှစ်နီးပါး တင်ရှိထားတဲ့ ဂျရတ်ပီကေးရဲ့ စံချိန်ကို ရိုက်ချိုးနိုုင်ခဲ့တာဖြစ်ပြီး ဂျရတ်ပီကေးဟာ အသက် ၁၇ နှစ်နဲ့ ၃၁၀ ရက်သားအရွယ် ၂၀၀၄ ခုနှစ်က ဖီနာဘာချီနဲ့ပွဲစဉ်မှာ လူစားဝင်ကစားခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကမှ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့တဲ့ မေဆင်ဂရင်းဝုဒ်ဟာ ဥရောပဖလား သို့မဟုတ် ချန်ပီယံလိဂ်ဖလားပြိုင်ပွဲမှာ အသင်းအတွက် ကိုယ်စားပြုပြီးကစားပေးခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

၂၀၀၁ ခုနှစ် အောက်တိုဘာလမှာ မွေးဖွားခဲ့တဲ့ မေဆင်ဂရင်းဝုဒ်ဟာ လူမှန်းသိတတ်စအချိန်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးခဲ့သူဖြစ်ပြီး မေဆင်ဂရင်းဝုဒ်က မန်ယူအသင်းနဲ့ ကလေးဘဝက အမှတ်တရပုံကို အင်စတာဂရမ်မှာ ပရိသတ်တွေအတွက် မျှဝေပေးခဲ့ပါတယ်။

ပထမပုံမှာ ရှေ့သွားတစ်ချောင်းကျိုးနေတဲ့ မေဆင်ဂရင်းဝုဒ်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဥရောပဖလားကို ကိုင်မြှောက်ထားတဲ့ပုံဖြစ်ပြီး ဒုတိယပုံကတော့ မန်ချက်စတာယူနိုက်တက်အသင်းဝတ်စုံ ဝတ်ဆင်ထားတဲ့ပုံဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အကယ်ဒမီအစောပိုင်းနေ့ရက်တွေတုန်းကပုံ ဖြစ်နိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က