ဂျူဗီမှာ တစ်ရာသီတည်းသာ ကစားထားရသေးသူဖြစ်ပါတယ်။

ဆိုးလ်ရှားက စမောလင်း၊ ရိုဟို နဲ့ ဖီးလ်ဂျုံးစ်တို့ကို ပြန်လည်ရောင်းချပြီး မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဘိုင်ယီနဲ့ တွန်ဇီဘီတို့ကိုပဲ အသင်းမှာထားရှိကာ နောက်ထပ်ဗဟိုခံစစ်မှူးတစ်ဦးပြန်လည်ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။ 


ဂျူဗင်တပ်စ်အသင်းမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ကြိုးစားနေရတဲ့ နောက်ခံလူဒီလစ်ကို မန်ချက်စတာယူနို်က်တက်အသင်းက အံ့အားသင့်ဖွယ်ရာကြိုးပမ်းနေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဥရောပရဲ့ အထင်ပေါ်ဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ဒီလစ်ဟာ အေဂျက်ဇ်ကနေ ပေါင် ၆၇.၅သန်းနဲ့ တူရင်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၂ဝအရွယ် နောက်ခံလူဟာ အေဂျက်ဇ်မှာပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ပြန်လည်ရရှိဖို့ ခက်ခဲနေခဲ့ပါတယ်။ အသင်းဖော်နောက်ခံလူဒီမီရယ်လ် ဒဏ်ရာမရရှိခင်အချိန်အထိ ဂျူဗီမှာ ပုံမှန်နေရာရရှိဖို့ ရုန်းကန်ခဲ့ရကာ ဝင်ရောက်ကစားခွင့်ရချိန်မှာလည်း အမှားအယွင်းကျူးလွန်မှုတွေရှိခဲ့ကာ ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 

ဂျူဗင်တပ်စ်အသင်းရဲ့ လစာလျှော့ချနေတဲ့ အခြေအအနေတွေကို ယူနိုက်တက်ဘက်က အခွင့်ကောင်းယူဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။ ဘဏ္ဍာရေးပြသနာတွေရှိလာခဲ့ပြီးနောက် ဂျူဗီက စျေးကောင်းရမယ့်ကစားသမား၊ လစာငွေမြင့်မားတဲ့ကစားသမားတွေကို ပြန်လည်ရောင်းချသွားဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေခဲ့ပါတယ်။ 

လက်ရှိယူနိုက်တက်အသင်းမှာ ဗဟိုခံစစ်မှူးငါးဦးအထိရှိနေပြီး အငှားထွက်ကစားနေတဲ့ စမောလင်းနဲ့ ရိုဟိုတို့ကိုပါ ထည့်သွင်းမယ်ဆိုရင် ၇ ဦးအထိရှိနေမှာဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားက စမောလင်း၊ ရိုဟို နဲ့ ဖီးလ်ဂျုံးစ်တို့ကို ပြန်လည်ရောင်းချပြီး မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဘိုင်ယီနဲ့ တွန်ဇီဘီတို့ကိုပဲ အသင်းမှာထားရှိကာ နောက်ထပ်ဗဟိုခံစစ်မှူးတစ်ဦးပြန်လည်ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။ 

အေဂျက်ဇ်အသင်းမှာ အသင်းခေါင်းဆောင်အဖြစ်နဲ့ ဒီလစ်က တာဝန်ယူကစားပေးခဲ့ပြီး ပြည်တွင်းဖလားနှစ်လုံးဆွတ်ခူးနိုင်ခဲ့သလို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်အောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာကတည်းက ယူနိုက်တက်က ဒီလစ်ကို စိတ်ဝင်စားခဲ့ပေမယ့် ဂျူဗီက မြန်မြန်ဆန်ဆန်ပဲ ခေါ်ယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က