၁၇ နှစ်သာ ရှိပါသေးတယ်။

ရာသီကြို ခြေစမ်းပွဲတွေမှာ ၂ ဂိုးသွင်းယူထားနိုင်သလို လက်ရှိ လိဂ် ၄ ပွဲမှာလည်း ၄၇ မိနစ်ထိ ဝင်ကစားထားနိုင်ကာ ပွဲတိုင်း လူစာရင်းပါဝင်နေသူဆီက ပိုမိုမြင့်မားတဲ့ စွမ်းရည်တွေကို ယူနိုက်တက်က မျှော် လင့်ထားတယ်လို့ သိရပါတယ်။

နည်းပြဆိုးလ်ရှားရဲ့ ယုံကြည်ခြင်း ခံထားရတဲ့ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ကတော့ မကြာခင်မှာ အသင်းရဲ့ လုပ်ခလစာသစ်နဲ့ ကမ်းလှမ်းခြင်းကို ခံရတော့မယ်လို့ Daily Mail က ဖော်ပြလာပါတယ်။



ဂရင်းဝုဒ်ကတော့ ရာသီကြို ပွဲစဉ်တွေမှာ အသင်းအတွက် ၂ ဂိုးသွင်းယူပေးနိုုင်ခဲ့ပြီးလက်ရှိ ပရီးမီးယားလိဂ်မှာ တော့ပွဲစဉ် ၄ ပွဲစလုံးမှာ အသင်းရဲ့ လူစာရင်းမှာ ပါဝင်နေနိုင်သူပါ။

Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ ဂရင်းဝုဒ်ကို မန်ချက်စတာယူနိုက်တက်အသင်းက တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀ အပြင် ခြေစွမ်းပေါ်မူတည်ပြီး အပိုဆုကြေးပါ ပါဝင်လာမယ့် စာချုပ်သစ် တစ်ရပ် ကိုချုပ်ဆိုတော့မယ်လို့ သိရပါတယ်။

ယူနိုက်တက်အနေနဲ့ ဂရင်းဝုဒ်ကို ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲမှာ ပွဲချိန် ၄၇ မိနစ် တိတိ အသုံးပြုထားပြီးပိုမို ကောင်းမွန်တဲ့ ခြေစွမ်းမျိုးကို မျှော်လင့်ထားတယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း ရှုံးထွက်ပြိုင်ပွဲတွေ ဖြစ်တဲ့ လိဂ်ဖလားနဲ့ ယူရိုပါလိဂ် ဖလားပြိုင်ပွဲတွေမှာ ဂရင်းဝုဒ်ကို ပွဲထွက် အသုံးပြုသွားဖွယ် ရှိနေပါတယ်။



လက်ရှိ အင်္ဂလန် ယူ-၂၁ အသင်းရဲ့ ခေါ်ယူခြင်းကို ခံထားရတဲ့ ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး - “ သူ့ရဲ့ လှုပ်ရှားမှုနဲ့ ပါးနပ်မှုက ထူးချွန်တဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်လာမယ့် လက္ခဏာပါ။တိုက်စစ်ရဲ့ ၃ နေရာစလုံးမှာ ကစား နိုင်တာရယ် နောက်ချန်တိုက်စစ်ရယ် ကစားနိုင်တာကြောင့် သူဟာ ကျောနံပါတ် ၁၀၊၇၊၁၁၊၉ ဘာမဆို ဖြစ်နိုင်ပါ တယ်။” လို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းမှာတော့ ဂရင်းဝုဒ်နည်းတူ အနာဂတ်မှာ မျှော်လင့်လို့ ရတဲ့အခြားသော လူငယ်တွေကတော့ အိန်ဂျယ်ဂိုမက်ဇ်၊ဂျိမ်းစ်ဂါနာ၊တာဟင့်ခ်၊ဘရန်ဒန်ဝီလီယံ၊အီသန်တို့ ရှိနေပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က