မဟာပြိုင်ဘက်ကြီးလီဗာပူးလ်ဆီကို ရောက်ရှိသွားခဲ့တာပါ။

လီဗာပူးလ်နဲ့ PSV တို့ကြား ဂက်ခ်ပိုအတွက် သဘောတူညီမှုရရှိခဲ့ပြီးတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တွေဟာ အသင်းဘုတ်အဖွဲ့ကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဂက်ခ်ပိုဟာ ယူနိုက်တက်နဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပြီးကာမှ လီဗာပူးလ်နဲ့ ရုတ်တရက်သဘောတူညီမှုရရှိခဲ့ကာ ယူနိုက်တက်ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ 

ဂက်ခ်ပိုက လီဗာပူးလ်နဲ့ ၆ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်းနဲ့ အပိုဆုကြေး ပေါင် ၁၃ သန်းအထိ ကုန်ကျမှာလည်းဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် နယ်သာလန်ကစားသမားဟာ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့ပြီးနောက် အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုရရှိလာခဲ့ပြီး လီဗာပူးလ်က သွက်သွက်လက်လက်နဲ့ လက်ဦးမှုရယူသွားခဲ့တာဖြစ်ပါတယ်။ 

တွစ်တာပေါ်မှာတော့ ယူနိုက်တက်ပရိသတ်တွေပေါက်ကွဲနေကြပြီး သူတို့အသင်းကို အပြစ်တင်ပြောဆိုခဲ့ကြပါတယ်။ ပရိသတ်တဦးက "ဂက်ခ်ပိုကို လက်လွှတ်လိုက်ရတာက ကြီးမားတဲ့အမှားပဲ၊ ဒီဘုတ်အဖွဲ့က ဟာသပဲ၊ ဒီအသင်းကို ပိုင်ရှင်သစ်ဆီ ပြန်ရောင်းမယ့်နေ့ကို မစောင့်နိုင်တော့ဘူး" လို့ ရေးသားခဲ့ကာ နောက်တဦးကလည်း "ဂက်ခ်ပို ပါသွားရင်တော့ ယူနိုက်တက်က ရယ်စရာကြီးပဲ" လို့ ဆိုခဲ့ပါတယ်။ 

နောက်ထပ်တဦးကလည်း ဂက်ခ်ပိုကို ခေါ်ယူဖို့အတွက် အသင်းကို ပြောဆိုခဲ့တဲ့ နည်းပြတန်ဟက်ဂျ်ကို သနားမိတယ်လို့ ဆိုခဲ့ပါတယ်။ "တန်ဟက်ဂျ်က ဂက်ခ်ပိုကို တကယ်ခေါ်ယူချင်ခဲ့တာ၊ ပိုင်ရှင်တွေက နောက်တခါ သောက်တလွဲတွေလုပ်ပြန်ပြီ၊ ယူနိုက်တက်က ဂက်ခ်ပိုနဲ့ သတင်းတွေရှုပ်ယှက်ခတ်နေတာလေ၊ အခုတော့ ငါတို့ဘုတ်အဖွဲ့က ဟာသပဲ" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

ဂက်ခ်ပိုဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ယူနိုက်တက်ကို ရောက်လုနီးပါးဖြစ်ခဲ့ပြီး အန်တိုနီကို ဦးစားပေးခေါ်ယူခဲ့လို့သာ မရောက်ရှိခဲ့တာပါ။ ဒီအပြောင်းအရွှေ့မှာလည်း ဂက်ခ်ပိုက ယူနိုက်တက်ဘက်က ဆက်သွယ်မှုကို စောင့်ဆိုင်းနေခဲ့ပေမယ့် အဆုံးမှာတော့ လီဗာပူးလ်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့တာလို့လည်း Transfer News Live က ဆိုပါတယ်။ 


Share

Loading Next Article...
က္က