ဇွန်လ ၂၉ ရက်နေ့မှာ မစ်ဒယ်ဝိတ် ရွှေခါးပတ်ကာကွယ်ပွဲထိုးသတ်ရမှာ ဖြစ်ပါတယ်။

MMA One Championship မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်တန်း ရွှေခါးပတ်ချန်ပီယံ အောင်လအန်ဆန်အနေနဲ့ ဇွန်လ ၂၉ ရက်နေ့မှာ မစ်ဒယ် ဝိတ်ရွှေခါးပတ် ကာကွယ်ပွဲထိုးသတ်သွားမှာ ဖြစ်ပါတယ်။

 

အဆိုပါ ပွဲစဉ်အတွက် အမေရိကန်မှ မြန်မာနိုင်ငံကို ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်း ရောက်မယ်လို့ သတင်းထုတ်ပြန်ထားသော်လည်း ယခုအခါ ဂုဏ်ပြုဆုပေးပွဲ တက်ရောက်ဖို့အတွက် တစ်ရက်စောပြီး မြန်မာနိုင်ငံကို ရောက်လာမယ်လို့ သိရပါတယ်။

 

အဲ့ဒါကြောင့် ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိလာမှာ ဖြစ်ပြီး ယင်းနဲ့ ညနေပိုင်းမှာတော့ ၎င်းကို အထူးဂုဏ်ပြုဆုပေး အပ်မယ့် အခမ်းအနားကို တက်ရောက်မယ်လို့ သိရပါတယ်။

"၂၀၁၇ ခုနှစ်အတွက် မြန်မာ့အကောင်းဆုံး အားကစားသမားဆုပေးပွဲအခမ်းအနားမှာ အောင်လကို အထူးဂုဏ်ပြုဆု ပေးအပ်သွားမှာပါ။ဒါ ကြောင့် ကြိုတင်ဆက်သွယ်ခဲ့ပြီး ဖိတ်ကြားခဲ့ပါတယ်။" လို့ မြန်မာနိုင်ငံ အားကစားကလောင်ရှင်များ အဖွဲ့ချုပ် ဥက္ကဌ ဦးစိုးမိုးကျော်က ပြောပါ တယ်။

၂၀၁၇ခုနှစ်အတွင်း ထူးချွန်ခဲ့ကြတဲ့ အားကစားသမားတွေကို မြန်မာနိုင်ငံ အားကစားကလောင်ရှင်များအဖွဲ့ချုပ်က မြန်မာနိုင် ငံ အိုလံပစ်ကော် မတီရဲ့ ပံ့ပိုးမှုနဲ့ ဂုဏ်ပြုဆုတွေ ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပြီး အဆိုပါ ပွဲမှာ အောင်လအန်ဆန်ကို အားကစားကလောင်ရှင်များ အဖွဲ့ချုပ်က အထူး ဂုဏ်ပြုဆုပေးအပ်သွားမှာဖြစ်ပါတယ်။

ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကိုတော့ ဇွန်လ ၂၃ ရက်နေ့ ညနေတွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့မှာတော့ အောင်လအန်ဆန်က MMA One Championship ရဲ့ မစ်ဒယ်ဝိတ်ရွှေခါးပတ်ချန်ပီယံဘွဲ့ကာကွယ်ပွဲအဖြစ် ဂျပန်နိုင်ငံသား ကမ်နဲ့ ထိုးသတ်ရမှာ ဖြစ်ပါတယ်။

ref:7 Day


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က