လူငယ်ဒါရိုက်တာ ထူးပိုင်ဦး ဖန်တီးထားတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကတော့ မကြာခင် ရုံတင်ပြသတော့မှာပါ။ ဘယ်လိုတွေ ကြောက်စရာကောင်းအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်နေမလဲဆိုတာကတော့ မကြာခင် မြင်တွေ့ရတော့မှာပါ။
သြဂုတ်လ(၁) ရက်နေ့မှာ ရုံတင်ပြသမယ့် သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အခိုင်အမာရရှိနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Trailer ထွက်ကတည်းက သရဲကားတစ်ကားလားဆိုတဲ့ အတွေးနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုုင်တဲ့ ဇာတ်ကားဖြစ်ပြီး ထိတ်လှန့်တုန်လှုပ်မှုကို အပြည့်အဝ ပေးနိုင်မယ့် ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ည ရုပ်ရှင်ဇာတ်ကားကို ပုံဖော်ရိုက်ကူးခဲ့တဲ့ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ဇာတ်ကား တစ်ကားဖြစ်ပြီး သူကိုယ်တိုင် ဘယ်လိုကြိုးစားထားလဲ ဆိုတာ ပြောပြခဲ့ပါသေးတယ်။
“ပထမကားထက် ဒုတိယကားဟာ ပိုပြီး တိုးတက်မှုကို ပြနိုင်ရမယ်။ ဒါဟာ ပရိသတ်တွေ ကျွန်တော်တို့အပေါ်မှာ ထားထားတဲ့ မျှော်လင့်ချက်လည်း ဖြစ်တယ်။ ကျွန်တော်တို့ကိုယ်တိုင် ခံယူထားတဲ့ ခံယူချက်လည်း ဖြစ်တယ်။ တစ်ကားနဲ့ တစ်ကားကို ပိုပိုပြီးတိုးတတ်တဲ့ ကားဖြစ်အောင် ကြိုးစားထားပါတယ်” လို့ သူစိမ်းအိမ်ရဲ့ ပဲ့ကိုင်ရှင် ထူးပိုင်ဇော်ဦးကဆိုပါတယ်။
Photo: သူစိမ်းအိမ်
သူစိမ်းအိမ် ဇာတ်ကား အထူးပွဲ ပြသခြင်းကို ဇူလိုင်(၂၄) ရက်နေ့က Junction City မှာ ပြုလုပ်ခဲ့ပါတယ်။ အထူးပွဲ အပြီးမှာလည်း လာရောက်ကြည့်ရှုသူတွေရဲ့ ဝေဖန်မှုတွေ အားပေးမှုတွေ အများကြီး ရှိခဲ့ပြီး ဇာတ်သိမ်းနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ အများကြီး ကျန်ရှိလို့နေခဲ့ပါတယ်။
“ဇာတ်သိမ်းပိုင်းနဲ့ ပတ်သက်ပြီး အဆက်ရှိလားဆိုတဲ့ မေးခွန်းလေးတွ ဖြစ်လာတာကို ကျွန်တော်သဘောကျပါတယ်။ ညတုန်းကလည်း မေးခွန်းလေးတွေထားခဲ့သလို သူစိမ်းအိမ်ကို ကြည့်ပြီး မေးခွန်းလေးတွေ ကျန်ခဲ့တာကို သဘောကျပါတယ်” လို့ထူးပိုင်ဇော်ဦးက မီဒီယာတွေရဲ့ အမေးကို ပြန်ဖြေခဲ့ပါသေးတယ်။
Photo: သူစိမ်းအိမ်
လွင်မိုးကလည်း သူကိုယ်တိုင် ပါဝင်ထားတဲ့ သူစိမ်းအိမ်ကားကို ပရိသတ်တစ်ယောက်အနေနဲ့ ပြန်ကြည့်တဲ့အခါမှာ ဘယ်လိုတွေ စိတ်ခံစားချက်ဖြစ်ပေါ်စေလဲဆိုတာ ယခုလို ပြောပြထားပါသေးတယ်။
“ကျွန်တော်ဒီနေ့ ရုပ်ရှင်ကားတစ်ကား ကြည့်ရပါတယ် သူစိမ်းအိမ်ပါ။ ကိုယ်တိုင်ရိုက်ထားတဲ့ ကားပါ။ ဒါပေမယ့် ကျွန်တော့်ဘဝမှာ တော်တော်ပြီးပြည့်စုံတဲ့ ဇာတ်ကားတစ်ကား ကြည့်လိုက်ရတာပါ။ ကြည့်လိုက်ရတဲ့အတွက် ကျွန်တော်တို့ အနာဂတ်အတွက် စည်းကမ်းစနစ်တကျနဲ့ပိုင်ပိုင်နိုင်နိုင်ဖြစ်တဲ့ ဇာတ်လမ်းတွေကို သေချာစဉ်းစားပြီးတော့ လုပ်သွားမယ်ဆိုရင် အနာဂတ်အတွက် ရုပ်ရှင်က အရှိန်လည်း ကောင်းလာမယ်လို့ ထင်တယ်” ဆိုပြီး သူစိမ်းအိမ်ကိုကြည့်ရင်း ခံစားလိုက်ရတဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောပြလို့လာခဲ့ပါတယ်။
Photo: သူစိမ်းအိမ်
သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို Good Old Days ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ ထူးပိုင်ဇော်ဦး ပုံဖော်ရိုက်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ လွင်မိုး၊ထွန်းအြိန္ဒာဗို၊ ဖွေးဖွေး၊လင်းဇာနည်ဇော်၊ မြတ်နိုးအေး၊ ချာလီ၊ ရှိန်းတင့်ထူး၊ ဂျိုကာတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး သြဂုတ်လ(၁) ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
Share