စတာလင်းအနေနဲ့ EPL တစ်လတာအကောင်းဆုံးကစားသမားဆုကို နှစ်ကြိမ်ရရှိထားဖူးသူပါ။

လီဗာပူးအသင်းအနေနဲ့ ပွဲစဉ်-၃ အပြီးရာနှုန်းပြည့်အနိုင်ရလဒ်နဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့တာပါ။

၂၀၁၉-၂၀ ဘောလုံးရာသီအစ ပရီးမီးယားလိဂ်ပွဲစဉ် ၃ပွဲကစားပြီးချိန်တွင် အမှတ်ပေးဇယားကို ဦးဆောင်လျက် ရှိတဲ့ လီဗာပူး၊ မန်စီးတီးတို့အနေနဲ့ သြဂုတ်လတစ်လတာအကောင်းဆုံးဆုတွေကို သိမ်းပိုက်ဖို့အခွင့်အရေးအ များဆုံးရှိနေခဲ့တယ်လို့ SkySport က သုံးသပ်ဖော်ပြလာပါတယ်။

လက်ရှိမှာ လီဗာပူးအသင်းအနေနဲ့ နောဝစ်ချ်၊ ဆောက်သမ်တန်၊ အာဆင်နယ်အသင်းတို့ကို အနိုင်ကစားပြီး ရ မှတ် ၉မှတ်နဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့တဲ့အပြင် မန်စီးတီးအသင်းကလည်း ဝက်စ်ဟမ်း၊ စပါး၊ ဘုန်းမောက်တို့ကိုရင်ဆိုင်ခဲ့ရပြီး ရမှတ် ၇မှတ်နဲ့အတူ ဒုတိယနေရာမှာရှိနေခဲ့တာလည်းဖြစ်ပါတယ်။

စွမ်းဆောင်မှုတွေအရ ပွဲစဉ် ၃ပွဲလုံးဂိုးသွင်းယူနိုင်ခဲ့တဲ့ မန်စီးတီးတောင်ပံကစားသမား စတာလင်းက တစ်လတာ အကောင်းဆုံးရရှိရန် ထိပ်ဆုံးမှာရှိနေခဲ့တာဖြစ်ပြီး သွင်းဂိုးအများစုရရှိထားတဲ့ ဘန်လေတိုက်စစ်မှူးအက်ရှ်လေ ဘားနက်စ်၊ နောဝစ်ချ်တိုက်စစ်မှူးတီမီပွတ်ကီတို့က ဦးဆောင်နေခဲ့တာပါ။

ပွဲစဉ် ၃အပြီး ပရီးမီးယားလိဂ်စွမ်းဆောင်ရည်အမြင့်ဆုံးကစားသမားများအဖြစ် စတာလင်း၊ ဘားနက်စ်၊ တီမီပွတ် ကီတို့အပြင် လီဗာပူးကစားသမားတွေဖြစ်တဲ့ မာနေးလ်၊ ဆာလက်ဒ်၊ အာနိုးလ်တို့က အစဉ်လိုက်ရပ်တည်နေခဲ့ ပြီး အဂူရို၊ ဒီဘရိုင်း၊ မက်ဒီဆင်၊ မေဆန်မောင့်တို့လည်း ပါဝင်နေတာဖြစ်ပါတယ်။

လက်ရှိမှာ နောဝစ်ချ်တိုက်စစ်မှူးတီမီပွတ်ကီနဲ့ မန်စီးတီးတောင်ပံကစားသမားစတာလင်းတို့က သွင်းဂိုး ၅ဂိုးစီနဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေခဲ့ပြီး ဂိုးဖန်တီးမှုအများဆုံးကိုတော့ မန်စီးတီးကွင်းလယ်ကစား သမား ဒီဘရိုင်းက ၄ကြိမ်နဲ့အတူ ဦးဆောင်နေခဲ့ပါတယ်။

Share

က္က