အရမ်းကို ပျော်နေပါတယ်။

ဂီတမှုး ကိုနိုင်ဇော်ရဲ့ သမီးလေး မိုးဖြူစင်ဇော်က ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ (၆)ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ဇော်ကတော့ သမီးလေးအတွက် ပီတမျက်ရည်တွေတောင်ကျလို့နေပါတယ်။

 

Photo : နိုင်ဇော်

ဂီတမှုး နိုင်ဇော်က သမီးလေးအတွက် ဝမ်းသာလို့နေပါတယ်။ ၂၀၁၉ခုနှစ် တက္ကသိုလ်တန်း စာမေးပွဲမှာ (၆)ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ သမီးလေးအတွက် ဂုဏ်ယူမဆုံး ဖြစ်လို့နေပါတယ်။ ဘယ်တော့မှ မငိုတော့ဘူးလို့ ဆုံးဖြတ်ထားခဲ့တဲ့ နိုင်ဇော်ဟာ သမီးလေးအတွက် ပျော်လွန်းလို့ ပီတိမျက်ရည်တွေ ကျခဲ့တဲ့ အထိ ဖြစ်ခဲ့ရပါတယ်။

“ဘယ်တော့မှ မငိုတော့ဘူးဆုံးဖြတ်ထားတဲ့ ကျွန်တော် ဒီညတော့သမီးလေးအတွက် တစ်ယောက်ထဲ ငိုလိုက်ပါပြီသမီး” ဆိုပြီး ဇွန်လ(၇) ရက်နေ့ ညက ရေးသားထားတာတွေ့ရပါတယ်။

Photo : နိုင်ဇော်

သမီးလေးအတွက် ဂုဏ်ယူကြောင်းကိုလည်း သမီးလေး ဓာတ်ပုံလေးတွေ တင်ပြီး ပြောခဲ့ပါသေးတယ်။

(All D)ဘာသာစုံဂုဏ်ထူူးထွက်တဲ့ သမီးလေးမိုးဖြူစင်ဇော်အတွက် ဂုဏ်ယူပါတယ်သမီး ( ဒီလိုအောင်မြင်ခဲ့ရင် တင်ဖို့သမီးပုံလေးတွေ စာမေးပွဲနောက်ဆံုံးနေ့ဖြေပြီး ချိန်ကင်မရာ နဲ့ကြိုရိုက်ထားခဲ့တာ အခုတော့ဂုဏ်ယူစွာတင်ပေးနိုင်ပါပြီ) သမီးလေးကို ဘာသာစုံဂုဏ်ထူးထွက်နိုင်အောင် သင်ကြားပေးကြဗ သာ အထက၄ပုဇွန်တော င်ကျောင်းအုပ်ဆရာမကြီးနှင့် တကွ ဆရာဆရာမများ ငယ်စဉ်ထဲကစနစ်တကျစောင့်ရှောက်ခဲ့သောကျောင်းအုပ်ဆရာမကြီး(ငြိမ်း)ေ ဒါက်တာဒေါနုနုရွှေနှင့်ဆရာ ဆရာမများပြင်ပတွင် ထပ်မံသင်ကြားပေးကြသော ဆရာဦးသန့်စင်နှင့်တကွ ဆရာဆရာမများအိမ်တိုက်ရာရောက်လသင်ကြားပေးသော ဆရာမများနှငိ့တကွ သင်ဆရာမြင်ဆရာကြားဆရာအားလုံးကို သမီးမိုးဖြူစင်ဇော် ကိုယ်စာအထူးးကျေးဇူးတင်ရှိပါသည်” ဆိုပြီး ပြောထားပါသေးတယ်။

Photo : နိုင်ဇော်

နိုင်ဇော်ဟာ ဂီတလောကမှာ အောင်မြင်မှု ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။ Lazy Club တီးဝိုင်းမှာ Lead Guitar တီးခတ်သူ တစ်ဦးဖြစ်ပြီး တစ်ကိုယ်တော်အနေနဲ့ သီချင်းအများကြီး တီးဖြစ်နေပါတယ်။

Share

Loading Next Article...
က္က