ပရိသတ်တွေက ဝမ်းသာနေကြပါတယ်။

သီချင်းဆိုပြိုင်ပွဲတွေကနေ ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော်မလေး မေသက်ထားဆွေကတော့ စာမေးပွဲအောင်လို့ ဝမ်းသာနေပါတယ်။ (၂)ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာပါ။

Photo : မေလသံစဉ်

ကြည်လင်ပြတ်သားတဲ့ အသံလေးနဲ့ မြန်မာသံစဉ်လေးတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ အဆိုတော်မလေး မေသက်ထားဆွေကတော့ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို (၂)ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ စာမေးပွဲ အောင်စာရင်း မထွက်ခင်ကတည်းက ပရိသတ်တွေလည်း ရင်ခုန်နေသလို သူမလည်း ရင်တွေ အရမ်းခုန်ခဲ့ရပါတယ်။ အောင်စာရင်း ထွက်လာတဲ့အချိန်မှာတော့ အားလုံးအတွက် ဝမ်းသာစရာတစ်ခု ဖြစ်ခဲ့ပါတယ်။

Photo : မေလသံစဉ်

သူမဂုဏ်ထူး(၂)ဘာသာနဲ့ အောင်မြင်ခဲ့ကြောင်းကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇွန်လ(၈) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

သမီး ၂ ဘာသာဂုဏ်ထူးနဲ့အောင်မြင်ပါတယ်ရှင့်” ဆိုပြီး ပြောထားတာပါ။ သူမအတွက်လည်း သူမရဲ့ ပရိသတ်တွေ ဝမ်းသာဂုဏ်ယူနေကြပါတယ်။ အနုပညာအလုပ်တစ်ဖက်နဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ခဲ့ရုံသာမက ဂုဏ်ထူးပါ ပါခဲ့လို့ သူမရဲ့ ပရိသတ်တွေက ပိုပြီး ဂုဏ်ယူကြောင်း ပြောထားကြပါသေးတယ်။

Photo : မေလသံစဉ်

မေသက်ထားဆွေဟာ မြန်မာသံစဉ် သီချင်းများကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ ဆယ်ကျော်သက် အနုပညာရှင်တစ်ဦးပါ။ ဘုရားပွဲတွေ၊ မင်္ဂလာဆောင်တွေနဲ့ ဖျော်ဖြေပွဲတွေ တော်တော်များများမှာ ပါဝင်သီဆိုပေးနေရတဲ့ အဆိုတော်မလေး တစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က