သူမကိုယ်တိုင် သွားရောက် တွေ့ဆုံခဲ့ပါတယ်။

အဆိုတော်ပိုပိုက မျက်စိမမြင်ပေမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးများနဲ့ အောင်မြင်ခဲ့တဲ့ မောင်ဘုန်းဝေဇင်ကို လေးစားမိတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ 

အဆိုတော် ပိုပိုကတော့ ၂၀၁၉-၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူး(၃) ဘာသာနဲ့ အောင်မြင်ခဲ့တဲ့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ မောင်ဘုန်းဝေဇင် ကို သွားရောက်တွေ့ဆုံ ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ပါတယ်။ မောင်ဘုန်းဝေဇင်ရဲ့ စိတ်ထားအပေါ် ချီးကျူးမိတယ်လို့လည်း Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ဒီလိုမျိုး ကလေးတွေက ပညာရေးမှာ အားမလျှော့ပဲနဲ့ ထူးချွန်တဲ့အတွက် ဒါက ဂုဏ်ယူစရာပါပဲ။ သူတို့က ကိုယ်တွေ ထက်တောင် တော်နေပါသေးတယ်။ အဲ့ဒီအတွက် အရမ်းလေးစားစရာကောင်းပါတယ်။ ဒီမောင်လေးကလည်း စိတ်ဓာတ်က အရမ်း Strong ဖြစ်တယ်။ အဲဒီအတွက် ပိုပြီးတော့ လေးစားတယ်။ သူပြောပြတဲ့ ငယ်ဘဝကို ပြန်ကြားရတဲ့ အချိန်မှာ စိတ်မကောင်းဘူး။ သူ့အကြောင်းတွေ ပိုပို့ကို ပြောပြတဲ့အချိန်မှာ ကိုယ့်ထက်တောင် စိတ်ဓာတ်မာသေးတယ်။” လို့ သူကဆိုပါတယ်။ 

ပိုပိုဟာ သူမကိုယ်တိုင် မျက်စိမမြင်ခဲ့သူ တစ်ယောက် ဖြစ်ခဲ့ရင် စိတ်ဓာတ်တွေ အရမ်းကျနေတော့မှာလို့ ဆိုပါတယ်။ ဒါကြောင့် မျက်မမြင်ကျောင်းသားလေး မောင်ဘုန်းဝေဇင်ကိုကြည့်ပြီး ကြိုးစားကြစေချင်တယ်လို့ ဆိုပါတယ်။ 

“ပရိသတ်တွေလည်း မောင်လေးကို ကြည့်ပြီးတော့ ကြိုးစားစေချင်ပါတယ်။ မျက်စိမမြင်ပဲနဲ့တောင် ဂုဏ်ထူး(၃) ဘာသာရအောင် ကြိုးစားနိုင်ခဲ့တယ်။ ကိုယ်သာ ရုတ်တရက် မမြင်ရလို့ ရှိရင် အရမ်းငိုနေမိမှာ။ ငါ့ဘဝကြီး သွားပါပြီဆိုပြီးတော့ စိတ်ဓာတ်တွေ ကျပြီး ကိုယ့်ကိုယ်ကိုယ်တောင် သတ်သေချင်တဲ့ စိတ်တွေ ဖြစ်နေမှာ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

ပိုပိုဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။



Share

Loading Next Article...
က္က