ပရီးမီးယားလိဂ်ပွဲစဉ် ၂၈ အပြီး လီဗာပူးတို့ ပထမဦးဆုံး ပရီးမီးယားလိဂ်ရှုံးပွဲကြုံတွေ့ခဲ့ရပြီလ ည်းဖြစ်ပါ တယ်။
ဝက်ဖို့ဒ်အသင်းကို မထင်မှတ်ဘဲ အရေးနိမ့်ခဲ့ပြီးနောက် ပထမဦးဆုံးပရီးမီးယားလိဂ်ရှုံးပွဲကြုံတွေ့ခဲ့ရပြီဖြ စ်တဲ့ လီဗာပူးအသင်းရဲ့နည်းပြဂျာဂင်ကလော့ပ်အနေနဲ့ ပြိုင်ဘက်အသင်းအပေါ် ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး အရှုံးရလဒ်ကိုလက်ခံတဲ့အပြင် ဘောလုံးလောကရဲ့ဖြစ်လေ့ဖြစ်ထရှိတဲ့အခြေအနေတစ်ခု သာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့မှု ကို dailymail ကဖော်ပြလာပါတယ်။
လီဗာပူးအသင်းဟာ လက်ရှိကျင်းပလျက်ရှိတဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်တွင် ၂ရပွဲဆ က်ရှုံးပွဲမရှိခဲ့ခြင်းနဲ့အတူ ၄၄ပွဲဆက်တိုက် ရှုံးပွဲမရှိမှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားခဲ့တာဖြစ်ပြီး ဝက်ဖို့ဒ် အသင်းကို အရေးနိမ့်ခဲ့ခြင်းကြောင့် ရှုံးပွဲမရှိစံချိန်များ ကျိုးပျက်ခဲ့ရပြီလည်းဖြစ်ပါတယ်။
“ အနိုင်ရသင့်တဲ့အသင်းအနိုင်ရသွားတာပါ။ ဝက်ဖို့ဒ်အတွက် ဂုဏ်ယူပါတယ်။ ဒါပေမဲ့ ဒီအခြေအနေ ကလီဗာပူးအတွက် ရှော့ခ်ရသွားစေနိုင်တဲ့အခြေအနေတစ်ခုမဟုတ်ပါဘူး။ ချန်ပီယံဆုအတွက်အတည် ငြိမ်ဆုံးရှိနေဆဲပါ။ ဘောလုံးလောကရဲ့ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ခုထက်မပိုပါဘူး ” လို့ နည်း ပြ ကလော့ပ်က ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုသွားခဲ့တာပါ။
ဆယ်စုနှစ် ၃ခုအကြားတွင် ပထမဦးဆုံးအမှတ်ပေးချန်ပီယံဆုရရှိရန် အခြေအနေအကောင်းဆုံ းဖြစ် နေ ခဲ့တဲ့လီဗာပူးအသင်းကို ၃ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ဝက်ဖို့ဒ်အသင်းရဲ့စွမ်းဆောင်မှုက ပရီးမီးယားလိဂ် ပရိသတ်တွေအကြား စိတ်လှုပ်ရှားစရာအကောင်းဆုံးအခိုက်အတံ့ဖြစ်ခဲ့ပြီး နှစ်ဖက်အသင်းပရိသတ် တွေအကြားလည်း အပြန်အလှန်လှောင်ပြောင်မှုများစွာဖြစ်ပေါ်စေခဲ့တယ်လို့ thesun ရဲ့ဖော်ပြချ က် အရ သိရပါတယ်။
လီဗာပူးအသင်းအနေနဲ့ ရှုံးပွဲကြုံတွေ့ခဲ့ရပေမယ့် ချန်ပီယံဆုအတွက် အခြေအနေဆက်ကောင်းနေဆဲ ဖြ စ်ပြီး ဝက်ဖို့ဒ်အသင်းကတေ့ အံအားသင့်ဖွယ်အနိုင်ရလဒ်ကြောင့် ပွဲစဉ် ၂၈အပြီး ရမှတ် ၂ရမှတ်ရယူ နိုင်ခဲ့ခြင်းကြောင့် တန်းဆင်းဇုန်ကနေရုန်းထွက်နိုင်ခဲ့ပြီး ရမှတ်တူဂိုးကွာအနေအထားအရ ဘုန်းမောက် အသင်းရဲ့အထက် အဆင့်၁ရနေရာမှာရပ်တည်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။