ဂွါဒီယိုလာအနေနဲ့ မိခင်မသေဆုံးမီ တစ်ပတ်အလိုကမှ ဗိုင်းရပ်စ်တိုက်ဖျက်ရေး အတွက် ဆေးပစ္စည်းတွေဝယ်ဖို့ ပေါင် ၁သန်း လှူဒါန်းခဲ့ပါသေးတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် နည်းပြ ဂွါဒီယိုလာရဲ့ အသက် ၈၂နှစ်အရွယ် မိခင် ကွယ်လွန်ခဲ့ပြီလို့ မန်စီးတီး အသင်းက အတည်ပြု သတင်းထုတ်ပြန်ခဲ့တဲ့အကြောင်း Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။
ဝမ်းနည်းကြောင်းစကားကိုတော့ - “ ကလပ်အသင်းနဲ့ ပတ်သက်သူအားလုံး ပတ်ခ်ရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုအတွက် ပတ်ခ်နဲ့မိသားစု၊မိတ်ဆွေများနဲ့အတူ ထပ်တူဝမ်းနည်းရပါတယ်။”လို့ လူမှုကွန်ရက်ကတဆင့် ဖော်ပြခဲ့ပါတယ်။
ဂွါဒီယိုလာကတော့ မိခင်မဆုံးမီ တစ်ပတ်အလိုကမှ စပိန်မှာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအဖွဲ့အစည်းတစ်ခု အတွက် ဆေးပစ္စည်းတွေ ဝယ်ယူဖို့ ယူရို ၁သန်းလှူဒါန်းခဲ့သေးတယ်လို့ သိရပါတယ်။
စပိန်နိုင်ငံကတော့ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အမြင့်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပြီး လက်ရှိ ကူးစက်မှုအမြင့်ဆုံး အဆင့် ၂ မှာ ရှိနေပါတယ်။
ရောဂါပိုးကူးစက်ခံရသူ ၁သိန်းကျော်ရှိနေရာမှာ သေဆုံးသူ ၁၂၀၀၀ကျော်ရှိနေပြီလည်း ဖြစ်ပါတယ်။