“ သူက တစ်ခါတလေ ဒိုင်ဗင်ထိုးတတ်တယ်၊”

မာနေးကို ဒိုင်ဗင်သမားလို့ ဂွါဒီယိုလာက သတင်းအစီအစဉ် တစ်ခုမှာ ပြောလိုက်တာကြောင့် ကလော့ပ်က အခုလို ပြောလာခဲ့တာပါ။

လီဗာပူးအသင်းကို ဒိုင်ဗင်နဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာအပေါ်လေးစားမှု ဆက်မထား နိုင်တော့ဘူးလို့ လီဗာပူး နည်းပြ ကလော့ပ်က ထုတ်ဖော်ပြောလာခဲ့ပြီလို့ Sportskeeda သတင်းဌာနက ဖော်ပြ လာပါတယ်။



လီဗာပူး တိုက်စစ်မှူး မာနေးအနေနဲ့ အက်စတန်ဗီလာနဲ့ပွဲမှာ နောက်ကျအနိုင်ဂိုးသွင်းပေးခဲ့ပေမယ့် ပွဲချိန်အစော ပိုင်းမှာ ဟန်ဆောင်လှဲချခဲ့လို့ ကွင်းလယ်ဒိုင်ရဲ့ အဝါကဒ်ပြသခြင်း ခံခဲ့ရပါတယ်။



ဒီအပြုအမူအပေါ်မှာတော့ ဂွါဒီယိုလာက - “ သူက တစ်ခါတလေ ဒိုင်ဗင်ထိုးတတ်တယ်၊” လို့ BBC SPORTကို ပြောခဲ့ရာမှာတော့ လီဗာပူး နည်းပြ ကလော့ပ်က ချက်ခြင်းဆိုသလို နည်းဗျူဟာအရ ချိုးဖောက်တယ်လို့ ပြန်လည် တုံ့ပြန်ခဲ့တာပါ။

အခုလို နှစ်ဦးသား စကားစစ်ထိုးနေတာကတော့ လာမယ့် တနင်္ဂနွေပွဲကို ပိုမို ပြင်းထန်လာစေဖို့ရှိနေပြီး ဂွါဒီယိုလာ ကတော့ မာနေးကို စွပ်စွဲခြင်းမဟုတ်ဘူးလို့ ပြန်လည် ဖြေရှင်းထားပါသေးတယ်။

အခုလို ဂွါဒီယိုလာ ပြန်ရှင်းပြတာနဲ့ပတ်သက်ပြီး ကလော့ပ်က - “ သူရှင်းပြတာကတော့ အရမ်းကောင်းပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်က အဆင်ပြေပါတယ်။သူ့အပါ်မှာ လေးစားမှု ထပ်မထားနိုင်တော့တာပဲရှိပါတယ်။သူ့ ကိုအရင်ကတည်းက သိထားပြီးသားပါ၊ကာလရှည်ရှိလာတဲ့ ပြိုင်ဖက် တစ်ဦးပါ။သူတို့အသင်းနဲ့ တွေ့မယ့်ပွဲက ဘယ်လောက်ခက်ခက် နိုင်ဖို့ အခွင့်အရေးအပြည့်ရှိပါတယ်။သူနဲ့တွေ့ထားတဲ့ ရလဒ်ကောင်းတချို့တော့ ရှိပါတယ်၊ ဒါပေမယ့် ဒါတွေက အလကားပါ အဓိက လေးစားမှုရှိပါ။”လို့ပြန်လည်ပြောလိုက်ပါတယ်။

လီဗာပူးနဲ့ မန်စီးတီးတို့ကတော့ လာမယ့်တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲအဖြစ် လီဗာပူးအသင်းရဲ့ အိမ်ကွင်းမှာ ထိပ်တိုက်တွေ့ဆုံနေပြီး နှစ်သင်းကြား အမှတ်ကွာဟမှု အပြောင်းအလဲ ဖြစ်လာဖွယ်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က