ယာယာတိုရေး နဲ့ ဂွာဒီယိုလာတို့ကတော့ ဘာစီလိုနာမှာကတည်းက ဆက်ဆံရေးအဆင်မပြေသူတွေဖြစ်ပြီး မန်စီးတီးကို ရောင်းထုတ်ခံခဲ့ရသူဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ နာမည်ကျော်ကွင်းလယ်လူဟောင်းယာယာတိုရေးကတော့ သူနဲ့လက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်းဂွာဒီယိုလာကို ဝေဖန်ပြစ်တင်မှုတွေပြုလုပ်သွားခဲ့ပါတယ်။ ဂွာဒီယိုလာအနေနဲ့ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်မှာကျရှုံးခဲ့မယ်ဆိုရင် အခက်တွေ့လိမ့်မယ်လို့ပြောဆိုခဲ့ပြီး မန်စီးတီးဖြစ်နေလို့သာ သက်သာရာရခဲ့တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
"ဘာလို့လဲဆိုတော့ အဲဒီလိုလုပ်နိုင်ဖို့အတွက် သူတို့မှာ ငွေကြေးရှိနေလို့ပါပဲ၊ လူတွေက သူ့ကို အမှတ်ပေးလိဂ်တစ်ခုတည်းအတွက်ပဲ လာတယ်ဆိုတာကို ပြောဖို့နည်းလမ်းရှာနေကြပါတယ်၊ ဒါကို လိမ်လည်လို့မရပါဘူး၊ ဘာလို့လဲဆိုတော့ သူ့ကိုတစ်နှစ်ပြီးတစ်နှစ် အသုံးစရိတ်တွေထုတ်ပေးနေပြီး သူ့အနေနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ လိုအပ်နေပါတယ်" လို့ ယာယာတိုရေးကပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။
ယာယာတိုရေး နဲ့ ဂွာဒီယိုလာတို့ကတော့ ဘာစီလိုနာမှာကတည်းက ဆက်ဆံရေးအဆင်မပြေသူတွေဖြစ်ပြီး မန်စီးတီးကို ရောင်းထုတ်ခံခဲ့ရသူဖြစ်ပါတယ်။ မန်စီးတီးကို ဂွာဒီယိုလာမရောက်ခင်အထိ ယာယာတိုရေးက အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေခဲ့ပေမယ့် ဂွာဒီယိုလာရောက်ရှိလာပြီးနောက် ယာယာတိုရေးကို ထပ်မံပစ်ပယ်ခဲ့ပြီး အဆုံးသတ်မှာ အသင်းနဲ့ထပ်မံပြီးလမ်းခွဲခဲ့ရတာဖြစ်ပါတယ်။