အက်ရှ်လေယန်းကတော့ ယူနိုက်တက်မှာ ကာရစ်လက်သစ်အဖြစ် PSG ကွင်းလယ်လူကို ခေါ်ယူဖို့ တိုက်တွန်းခဲ့တာပါ။

ပြီးခဲ့တဲ့ PSG နဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲအပြီးမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာကတောင် မက်ဆီနဲ့ တစ်တန်းတည်းထားပြီး ချီးကျူးခဲ့ရတဲ့ PSG ကွင်းလယ်လူ ဗာရက်တီကို ယူနိုက်တက်တို့ခေါ်ယူသင့်တယ်လို့ အက်ရှ်လေယန်းက တိုက်တွန်းလိုက်ပါတယ်။

အက်ရှ်လေယန်းဟာ ယူနိုက်တက်မှာ ကာလရှည်ကစားခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ အသင်းဟောင်း အက်စတွန်ဗီလာမှာ သွားရောက်ကစားလျက်ရှိပါတယ်။ ယူနိုက်တက်ကလည်း အသင်းရဲ့ကွင်းလယ်ခံစစ်အတွက် ကစားသမားကောင်းလိုအပ်နေပြီး အက်ရှ်လေယန်းကတော့ အခုလိုပဲ ဗာရက်တီကို ကာရစ်လက်သစ်အဖြစ်ပါ တင်စားခဲ့တာပါ။

အက်ရှ်လေယန်းက “ယူနိုက်တက်မှာ မိုက်ကယ်ကာရစ်လို ကစားသမားမျိုးကို လိုအပ်နေတာဖြစ်ပြီး သူတို့က ဒီနေရာအတွက် အစားထိုးဖို့မကြိုးစားခဲ့ကြပါဘူး။ ယူနိုက်တက်ရဲ့ ဗဟိုကွင်းလယ်အတွက် အလှည့်အခေါက်လေးတွေ လိုအပ်နေပြီး ပေါ့ဘာ အဲ့ဒီနေရာမှာ ကစားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်”

“ဗီလာကိုရှုံးခဲ့တဲ့ပွဲမှာ ပေါ့ဘာက ကွင်းလယ်ဘယ်ခြမ်းကနေ တိုက်စစ်ကို လိုက်ကစားခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနေရာက သူ့အတွက် အကောင်းဆုံးလို့ ကျွန်တော်မထင်ပါဘူး။ ပေါ့ဘာက ပွဲကိုထိန်းကျောင်းမောင်းနှင်ချင်တယ်ထင်ပါတယ်”

“ဗာရက်တီကတော့ ကာရစ်လိုမျိုး ကစားသမားပါ။ သူက ဘောလုံးပေးပို့မှုတွေ ပြုလုပ်နိုင်ပြီး သူ့ကိုသာ ခေါ်ယူနိုင်ခဲ့ရင်တော့ ယူနိုက်တက်အတွက် တကယ်ကိုအံ့အားသင့်စရာကောင်းတဲ့ ခေါ်ယူမှုတစ်ခုဖြစ်လာပါလိမ့်မယ်” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ ဗာရက်တီဟာ အပြောင်းအရွှေ့ရာသီရောက်တိုင်း ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ စောင့်ကြည့်ပစ်မှတ်ထားခြင်းကိုခံနေရတဲ့ ကစားသမားပါ။

ဒါပေမယ့် ဗာရက်တီကတော့ PSG မှာပဲ ကစားလာခဲ့တာ (၉) နှစ်အထိရှိလာခဲ့ပါပြီ။ PSG က မန်စီးတီးကို ပူပူနွေးနွေးအနိုင်ရခဲ့တဲ့ပွဲအပြီးမှာလည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက “ဗာရက်တီကို ကျွန်တော် တကယ်သဘောကျပါတယ်။ သူက ဖိအားတွေအောက်မှာတောင် ဘောလုံးဖြန့်ဝေနိုင်ပြီး ကွင်းလယ်မှာနေရာလွတ်တွေ ရှာဖွေနိုင်တဲ့ ကစားသမားပါ။ ကစားကွက်တစ်ခုတည်ဆောက်ဖို့ဆိုရင် သူ့ကိုအမြဲတမ်း ထည့်သွင်းစဥ်းစားရပါလိမ့်မယ်” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ယူနိုက်တက်ကလည်း ဗာရက်တီကိုခေါ်ယူဖို့ အရင်တည်းက သတင်းတွေထွက်ပေါ်ခဲ့ဖူးပေမယ့် လက်ရှိအချိန်အထိ အပြောင်းအရွှေ့မဖြစ်ခဲ့ဘဲ ဘာစီလိုနာကလည်း ဒီကစားသမားကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးတယ်လို့ သိရှိရပါတယ်။ 

Share

က္က