မန်စီးတီးနဲ့ပွဲမတိုင်ခင် ပြောကြားခဲ့တာပါ။

လီဗာပူးနည်းပြ ကလော့ပ်က ပထမအကျော့ မန်စီးတီးနဲ့ လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာနိုးလ်တစ်ယောက် ဂွါဒီယိုလာကို လေတိုက်ခဲ့တာ မမှားယွင်းဘူးလို့ ထောက်ခံပြောကြားလိုက်ပါတယ်။ အဆိုပါပွဲမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာပါ။



ဒီပွဲချိန်အတွင်း အာနိုးလ်က ဂွါဒီယိုလာနဲ့ အနီးကပ်ရှိနေချိန်မှာ “ဆုဖလားတွေက မန်စီးတီးပရိသတ်တွေထက်စာရင် လီဗာပူးပရိသတ်တွေအတွက် ပိုပြီး အဓိပ္ပာယ်ရှိတယ်” လို့ ပြောကြားသွားခဲ့တာပါ။ ဒီပြောစကားက မန်စီးတီးပရိသတ်တွေအကြား ရိုက်ခတ်မှု ပြင်းထန်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ ကလော့ပ်က “အာနိုးလ်ပြောတာ ဘာမှတော့ မမှားပါဘူး။ သူက လီဗာပူးမြို့မှာ မွေးဖွားခဲ့ပြီး လီဗာပူးရဲ့ လူငယ်အသင်းအားလုံးမှာ ကစားခဲ့ဖူးပါတယ်။ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ကလည်း ‘ပိုပြီး အဓိပ္ပာယ်ရှိတယ်’ ဆိုတာဖြစ်ပြီး​ ဒါက ကျွန်တော်တို့အတွက်လည်း အမှန်တကယ် ပိုအဓိပ္ပာယ်ရှိပါတယ်”
“ခင်ဗျားအနေနဲ့ ဒီလိုမျိုး ခံစားနေရပြီဆိုရင် ဘာကြောင့် ကိုယ်ခံစားရတာကို ပြောဖို့ ပိတ်ပင်ထားခြင်း ခံနေရမှာလဲ။ ဒီကိစ္စကို ကျွန်တော် စိတ်မဝင်စားပါဘူး။ ဒါက သူ ဘယ်လို ခံစားရတယ်ဆိုတဲ့အရာဖြစ်ပြီး ကျွန်တော်ဒါနဲ့ပတ်သက်လို့ ဘာမှပြဿနာမရှိပါဘူး။ သူ မန်စီးတီးကို လေးစားမှုထားခဲ့မယ်ဆိုတာကိုလည်း ကျွန်တော် သေချာပေါက် ပြောရဲပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။
လီဗာပူးနဲ့ မန်စီးတီးတို့ဟာ မနက်ဖြန်ညမှာတော့ လီဗာပူး အိမ်ကွင်း အန်ဖီးလ်မှာ ရင်ဆိုင်ကစားရတော့မှာပါ။ အမှတ်ပေးဇယားထိပ်ဆုံးကို ဦးဆောင်နေတဲ့ လီဗာပူးအတွက်ရော၊ နောက်က လိုက်လံ ဖိအားပေးနေတဲ့ မန်စီးတီးအတွက်ပါ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က