ဘာစီလိုနာနဲ့မန်စီးတီးပွဲရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖြစ်ပျက်ခဲ့တာပါ။

ဘာစီလိုနာဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိပါတယ်။ ဒီကစားသမားကို မန်စီးတီးက လက်မလွှတ်လိုသည့်တိုင် ပြောင်းရွှေ့ကြေး ယူရိုသန်း (၈၀) ရရှိမယ်၊ ကစားသမားကိုယ်တိုင်က ပြောင်းချင်တယ်ဆိုရင်တော့ လက်လွှတ်သွားမှာပါ။



ဒါပေမယ့် ဘာစီလိုနာက မန်စီးတီးတောင်းဆိုနေတဲ့ပြောင်းရွှေ့ကြေးကို ပေးချေဖို့ ခက်ခဲနေပါတယ်။ ဘာစီလိုနာအနေနဲ့ ဘာနာဒိုဆေးလ်ဗားကို စိတ်ဝင်စားတယ်ဆိုတာ မကွယ်မဝှက်ရှိနေပြီး ဒီကနေ့မှာလည်း ဒီအကြောင်းကို ဂွါဒီယိုလာဆီ ထိပ်တိုက်အသိပေးခဲ့ပြန်ပါတယ်။ ဘာစီလိုနာနဲ့မန်စီးတီးတို့ဟာ လာမယ့်သြဂုတ် (၂၄) မှာ ပရဟိတခြေစမ်းပွဲအဖြစ် ကစားကြမှာပါ။

ဦးနှောက်နဲ့ကျောရိုးက အာရုံကြောဆဲလ်တွေကို ထိခိုက်စေပြီး ကြွက်သားထိန်းချုပ်မှုကို ဆုံးရှုံးသွားစေတဲ့ရောဂါ (Amyotrophic Lateral Sclerosis) နဲ့ ပတ်သက်လို့ အသိပညာပေးတဲ့ပွဲ၊ ဘာစီလိုနာရဲ့နည်းပြနဲ့ ကစားသမားဟောင်း ဟွမ်ကားလို့စ်အန်ဇူးကို ဂုဏ်ပြုတဲ့ပွဲအဖြစ် ဘာစီလိုနာအိမ်ကွင်း နူးကမ့်မှာ ဘာစီလိုနာနဲ့ မန်စီးတီးတို့ ကစားကြမှာဖြစ်ပါတယ်။

ဒီပွဲအတွက် သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက “ကျနော်တို့ရဲ့ ထိပ်တန်းကစားသမားတွေအကုန်လုံးကို နူးကမ့်မှာကစားမယ့် အန်ဇူးရဲ့ ပရဟိတအထိမ်းအမှတ်ပွဲအတွက် ခေါ်ဆောင်လာမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ ဒီအချိန်မှာ ဘာစီလိုနာဥက္ကဌ လာပေါ်တာက “ဘာနာဒိုဆေးလ်ဗားရော???” လို့ မထင်မှတ်ဘဲ မေးမြန်းလိုက်ပါတယ်။



ဂွါဒီယိုလာကတော့ ရယ်မောနေခဲ့ပြီး အဲ့ဒီနောက် “ဘာနာဒိုဆေးလ်ဗားအပြင် နောက်ထပ် ဆယ်ယောက်ကျော်ကို ခေါ်လာရမှာပေါ့ဗျာ” လို့ ပြောကြားသွားခဲ့ပါတယ်။ လာပေါ်တာရဲ့ ပြောစကားတွေအပေါ်မှာတော့ ဂွါဒီယိုလာတယောက် လှလှပပကို စည်းဘောင်ထဲကနေ ကျော်ဖြတ်သွားခဲ့တယ်လို့ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။ ဘာစီလိုနာဟာ ဖရန်ကီဒီဂျောင်ကိုသာ ယူနိုက်တက်ဆီ ရောင်းထုတ်ဖြစ်ခဲ့ရင် ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူဖို့ သေချာပေါက်ကြိုးစားလာတော့မှာပါ။ 

Share

Loading Next Article...
က္က