အသင်းသစ်အနေအထားနဲ့ပတ်သက်လို့ ဟာလန်းကပြောကြားခဲ့တာပါ။

မန်စီးတီးတိုက်စစ်မှူးဟာလန်းက အသင်းနည်းပြ ဂွါဒီယိုလာ၊ အသင်းဖော် ဂရီလစ်ရှ်တို့နဲ့ပတ်သက်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဒီကစားသမားဟာ လက်ရှိနွေရာသီမှ ဒေါ့မွန်ကနေ မန်စီးတီးကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။



မနေ့ကမနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ခြေစမ်းပွဲမှာလည်း ဟာလန်းက အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ကစားပေးခဲ့ပါတယ်။ အဲ့ဒီပွဲမှာပဲ ဟာလန်းက ပွဲကစားချိန် (၁၂) မိနစ်မှာတင် မန်စီးတီးအတွက် တလုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး အသင်းသစ်နဲ့ အဖွင့်လှသွားခဲ့ပါတယ်။ ဟာလန်းဟာ ဒေါ့မွန်၊ ဆဲလ်ဘာ့ဂ်တို့မှာ အထင်ကြီးလောက်စရာ ဂိုးသွင်းမှတ်တမ်းတွေကို ပိုင်ဆိုင်ခဲ့သူပါ။


အခု အသင်းသစ်မှာလည်း ကစားဖော်သစ် ဂရီလစ်ရှ်နဲ့ အတွဲမိဖို့ရှိနေပြီး မနေ့ကသွင်းဂိုးအတွက်လည်း ဂရီလစ်ရှ်က ဖန်တီးပေးခဲ့ပါတယ်။ ဂရီလစ်ရှ်နဲ့ပတ်သက်လို့ ဟာလန်းက “ဂရီလစ်ရှ်က ကစားသမားကောင်းတယောက်ဖြစ်ပြီး သူက အခုထက်လည်း ပိုကောင်းလာဦးမှာပါ။ ကျနော်လည်း ပိုကောင်းလာဖို့ လိုအပ်ပါတယ်။ အခု ဘိုင်ယန်မြူးနစ်နဲ့ပွဲ သွင်းဂိုးက တကယ်ကောင်းမွန်တဲ့အချိတ်အဆက်ပါပဲ”


“သူ ကျနော့်အနားရှိနေတာက ခံစားချက်ကောင်းပြီး ပျော်စရာလည်း ကောင်းပါတယ်။ ကျနော်တို့ နှစ်ယောက် ဒီထက်ပိုပြီး လုပ်ပြသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာနဲ့ လက်တွဲခွင့်ရတဲ့အပေါ်မှာလည်း ဟာလန်းက “ဂွါဒီယိုလာက နည်းနည်းလေး ရူးသွပ်နေပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ဒါကို သဘောကျပြီး ကျေနပ်စရာကောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ရာသီတလျှောက်လုံး ဗဟိုတိုက်စစ်မှူး အလိုရှိခဲ့ပြီး ဟာလန်းကိုလည်း သူကိုယ်တိုင် လိုလိုလားလားနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဟာလန်းကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ရာသီပွဲတွေကြည့်တည်းက မန်စီးတီးတိုက်စစ်မှူးနေရာမှာ ဝင်ကစားဖို့ စိတ်ကူးယဥ်ခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ကောင်းပါတတော့ ဒါကို သဘောကျပြီး ကျေနပ်စတို့နောက် ိုင်လိုပု

Share

Loading Next Article...
က္က