အသင်းက ထွက်ခွာခွင့်တောင်းခံထားသူဖြစ်ပါတယ်။

လက်ရှိမှာ ဂွမ်ဒူဇီကို ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့က ချဉ်းကပ်နေပြီး ရီးရဲလ်မက်ဒရစ်နဲ့ အင်တာမီလန်တို့ကလည်း ကစားသမားနဲ့ ကလပ်အသင်းအခြေအနေကို စောင့်ကြည့်နေကြပါတယ်။


အာဆင်နယ်အသင်းကနေ ထွက်ခွာခွင့်တောင်းခံခဲ့တဲ့ ကွင်းလယ်လူဂွမ်ဒူဇီကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ပြင်သစ်ကွင်းလယ်လူဟာ ဆောက်သမ်တန်နဲ့့ပွဲမှာ အသင်းလူစာရင်းကနေ ဖယ်ရှားခံခဲ့ရပြီးနောက် အနာဂတ်မရေမရာဖြစ်လာခဲ့ပြီး သူကိုယ်တိုင်ကလည်း အသင်းကထွက်ခွာချင်နေပြီဖြစ်ပါတယ်။

ပြင်သစ်သတင်းစာ L'Equipe ရဲ့ ဖော်ပြချက်အရ နည်းပြအာတီတာကလည်း ဂွမ်ဒူဇီကို လာမယ့်ပွဲတွေမှာ ပွဲကစားခွင့်ရဖို့ အာမခံချက်မပေးနိုင်ဘူးလို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ လက်ရှိမှာ ဂွမ်ဒူဇီကို ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့က ချဉ်းကပ်နေပြီး ရီးရဲလ်မက်ဒရစ်နဲ့ အင်တာမီလန်တို့ကလည်း ကစားသမားနဲ့ ကလပ်အသင်းအခြေအနေကို စောင့်ကြည့်နေကြပါတယ်။

ဂွမ်ဒူဇီကို စိတ်ဝင်စားလာခဲ့တ့အသင်းတွေမှာ ယူနိုက်တက်လည်းပါဝင်လာခဲ့ပြီဖြစ်ပြီး ဘရိုက်တန်နဲ့ပွဲမှာ မြူပေးနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ကစားသမားကို အာတီတာကလည်း ရောင်းချဖို့အတွက် မီးစိမ်းပြခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်ကလည်း ကစားသမားရဲ့ အမူအကျင့်နဲ့ပတ်သက်ပြီး စိတ်ပျက်မှုတွေရှိနေခဲ့ကာ မကြာခဏဆိုသလို အငြင်းပွားဖွယ်လုပ်ရပ်တွေကို ပြုလုပ်နေတဲ့ ဂွမ်ဒူဇီကို ရောင်းချဖို့စဉ်းစားနေပါတယ်။ 

ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ယူရို၂၀၂၀ ပြိုင်ပွဲကို ပါဝင်ခွင့်ရဖို့ ဂွမ်ဒူဇီက မျှော်လင့်နေပြီး သူ့အတွက် ကစားခွင့်ပိုမိုရရှိမယ့်အသင်းတစ်သင်းကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ ဂွမ်ဒူဇီ နဲ့ အာဆင်နယ်တို့ဟာ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပေမယ့် လာမယ့်အပြောင်းအရွှေ့စျေးကွက်မှာ ရောင်းချသွားဖို့က သေချာသလောက်ဖြစ်နေခဲ့ပြီလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က