အဝတ်လဲခန်း အနေအထားကြောင့်ဖြစ်ပါတယ်။

အဲဗာတန်ကွင်းမှာကစားရမယ့်ပွဲအတွက် အဝတ်လဲခန်းတွေကို အိမ်ရှင်အသင်းက ယာယီအနေနဲ့သာ ပြင်ဆင်ထားလို့ လီဗာပူးလ်အနေနဲ့ ဂွတ်ဒီဆင်ပါ့ခ်ကားပါကင်မှာသာ အောင်ပွဲခံရဖွယ်ရှိတယ်လို့ သိရပါတယ်။ 


အာဆင်နယ်ကို မန်စီးတီးအရေးနိမ့်ပါက လီဗာပူးလ်အသင်းဟာ အဲဗာတန်ကို အနိုင်ရတာနဲ့ ပရီးမိးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဗာတန်ကွင်းမှာကစားရမယ့်ပွဲအတွက် အဝတ်လဲခန်းတွေကို အိမ်ရှင်အသင်းက ယာယီအနေနဲ့သာ ပြင်ဆင်ထားလို့ လီဗာပူးလ်အနေနဲ့ ဂွတ်ဒီဆင်ပါ့ခ်ကားပါကင်မှာသာ အောင်ပွဲခံရဖွယ်ရှိတယ်လို့ သိရပါတယ်။ 

လီဗာပူးလ်အနေနဲ့ နှစ်ပေါင်း ၃ဝအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ နီးစပ်နေပြီလည်းဖြစ်ပါတယ်။ မာဆေးဆိုက်ဒါဘီပွဲမှာသာ ဗိုလ်စွဲနိုင်ခဲ့မယ်ဆိုရင် သူတို့အတွက် ထူးခြားတဲ့အောင်မြင်မှုဖြစ်လာမှာဖြစ်ပြီး ခါးသီးမြို့ခံပြိုင်ဘက်ရှေ့မှာ အောင်ပွဲခံနိုင်မှာလည်းဖြစ်ကာ ပိုမိုချိုမြိန်တဲ့ အောင်ပွဲဖြစ်လာတော့မှာပါ။

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် Social Distancing အရ လီဗာပူးလ်အနေနဲ့ ဆာဖီးလစ်ကာတာပန်းခြံနောက်မှာ အဝတ်လဲခန်းတွေရရှိလိမ့်မယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ ဒါဟာ လီဗာပူးလ်အနေနဲ့ ဂွတ်ဒီဆင်ပါ့ခ်ဥမင်အတွင်းကို ပွဲမတိုင်ခင်၊ ပွဲကစားနားချိန် နဲ့ ပွဲပြီးချိန်တွေမှာ အသုံးပြုခွင့်ရ
ရှိနိုင်မှာမဟုတ်တဲ့သဘောဖြစ်နေခဲ့ပါတယ်။ 


ပုံမှန်အဝတ်လဲခန်းလောက် မကျယ်ဝန်းတဲ့ အခန်းအတွင်းမှာ အောင်ပွဲခံဖို့အတွက်က ခက်ခဲနေမှာဖြစ်ပြီး ပွဲအပြိးမှာ ကစားသမားနဲ့ ဝန်ထမ်းတွေ စုပေါင်းအောင်ပွဲခံဖို့က မဖြစ်နိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့်လည်း ပိုမိုကျယ်ဝန်းတဲ့ ကားပါကင်နေရာမှာသာ အောင်ပွဲခံနိုင်မှာဖြစ်ပြီးတော့ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ချန်ပီယံအသင်းအနေနဲ့ ပုံမှန်အတိုင်းအောင်ပွဲမခံနိုင်ဘဲ ကားပါကင်မှာသာ အောင်ပွဲခံနိုင်မယ့် ပထမဆုံးအကြိမ်လည်းဖြစ်လာနိုင်ပါတယ်။ 

Share

Loading Next Article...
က္က