ဖီလစ်ဟာ အင်္ဂါနေ့က ချဲလ်ဆီးအသင်းဝတ်စုံနဲ့ ဓာတ်ပုံရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူး ဂျာအို ဖီလစ်ကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တွစ်တာမှာ ကြေညာခဲ့ပြီးမှ အရှက်ရဖွယ် အမှားအယွင်းကြောင့် ပြန်ဖျက်သွားခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးကို အက်သလက်တီကို မက်ဒရစ်အသင်းက ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်း အငှားချဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဂျာအို ဖီလစ်ဟာ အင်္ဂါနေ့က ချဲလ်ဆီးအသင်းဝတ်စုံနဲ့ ဓာတ်ပုံရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကလည်း ဂျာအို ဖီလစ်ကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပေမယ့်လည်း တနင်္လာနေ့မှာ ချဲလ်ဆီးအသင်းက ပေါ်တူဂီတိုက်စစ်မှူးကို အငှားနဲ့ ခေါ်ယူဖို့ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဂျာအို ဖီလစ်အတွက် အက်သလက်တီကို မက်ဒရစ်အသင်းက တောင်းဆိုခဲ့တဲ့ ကြီးမားတဲ့အငှားချကြေး ယူရို ၁၁ သန်းအပြင် ယူရို ၆ သန်းဝန်းကျင်ရှိတဲ့ လစာကိုလည်း ပေးချေဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းဟာ ဂျာအို ဖီလစ်ကို အငှားစာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်ကျရင် အပြီးသတ်ခေါ်ယူဖို့အတွက် ရွေးချယ်စရာကို အငှားစာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ အနောက်လန်ဒန်အသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ပေါ်တူဂီကြယ်ပွင့် ရောက်ရှိလာမှုကို ကြေညာခဲ့ပြီး တွစ်တာလူမှုကွန်ရက်ပေါ်မှာ "အနုပညာတစ်ဦး ရောက်ရှိလာခဲ့ပါပြီ။ ချဲလ်ဆီးကနေ ကြိုဆိုပါတယ် ဂျာအို ဖီလစ်"လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

အဲဒီတွစ်တာပို့စ်မှာ ဂျာအို ဖီလစ်က ချဲလ်ဆီးရှပ်နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံလည်း ပါဝင်ခဲ့ပြီး Hashtag မှာ #HolaFelix လို့လည်း ရေးသားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီ hashtag ဟာ ချဲလ်ဆီးအသင်းအတွက် အရှက်ရဖွယ် အမှားဖြစ်ခဲ့ပြီး Hola ဟာ စပိန်ဘာသာနဲ့ ဟယ်လိုလို့ နှုတ်ဆက်တဲ့စကားဖြစ်ပြီး ဂျာအို ဖီလစ်ရဲ့ မိခင်ဘာသာစကားဖြစ်တဲ့ ပေါ်တူဂီဘာသာစကားနဲ့ဆိုရင် 'Ola'လို့ ရေးသားမှသာ မှန်ကန်မှာ ဖြစ်ပါတယ်။


ပရိသတ်တွေဟာ ချဲလ်ဆီးအသင်းရဲ့ စိတ်ကသိကအောင့်ဖြစ်စရာအမှားကို လျင်လျင်မြန်မြန် ထောက်ပြခဲ့ပြီး "HolaFelix က ဒီကြေညာချက်ထဲမှာ လုံးဝကို အဓိပ္ပာယ်မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဂျာအို ဖီလစ်က ပေါ်တူဂီလူမျိုးဖြစ်နေလို့ပါ။ စပိန်လူမျိုးမဟုတ်ပါဘူး။ ကြောင်တောင်တောင်နိုင်လိုက်တာ"လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အဲဒီအချိန်ကျမှ ၎င်းတို့ရဲ့အမှားကို သိရှိသွားပုံပေါ်ပြီး မေးခွန်းထုတ်ခံခဲ့ရတဲ့ တွစ်တာပို့စ်ကို ဖျက်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

Share

Loading Next Article...
က္က