ချန်ပီယံလိဂ်အုပ်စုအဆင့်ကတက်ရောက်ဖို့ မဖြစ်မနေအနိုင်ကစားဖို့လိုနေပါတယ်။

မဖြစ်မနေနိုင်ပွဲရဖို့ လိုအပ်နေတဲ့ပွဲစဉ်ဖြစ်တာကြောင့် နည်းပြဇာဗီက သူ့အသင်းရဲ့ အကောင်းဆုံးလို့ ဆိုရမယ့် ကစားသမားအားလုံးကို မပျက်မကွက်ခေါ်ဆောင်သွားခဲ့တာပါ။ 


မြူးနစ်မှာ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်နောက်ဆုံးပွဲကို ကစားရတော့မယ့် ဘာစီလိုနာဟာ အသင်းလူစာရင်းမှာ အဓိကကစားသမားအားလုံးကို ခေါ်ဆောင်သွားခဲ့ပါတယ်။ မဖြစ်မနေနိုင်ပွဲရဖို့ လိုအပ်နေတဲ့ပွဲစဉ်ဖြစ်တာကြောင့် နည်းပြဇာဗီက သူ့အသင်းရဲ့ အကောင်းဆုံးလို့ ဆိုရမယ့် ကစားသမားအားလုံးကို မပျက်မကွက်ခေါ်ဆောင်သွားခဲ့တာပါ။ 



တာစတီဂန်၊ ဒက်စ်၊ ပီကေး၊ ရောဘတ်တို၊ ရီကွီပုဂျ်၊ ဒမ်ဘီလီ၊ ဒီပိုင်း၊ ကော်တင်ဟို၊ လန်ဂ်လက်၊ ဒီဂျောင်၊ ယော်ဒီအယ်လ်ဘာ၊ အမ်တီတီ၊ ဂါဗီတို့လို အမာခံကစားသမားအားလုံး လိုက်ပါသွားခဲ့ပါတယ်။ ဒီပွဲဟာ ဇာဗီအတွက် တော်တော်လေးအရေးပါနေတဲ့ပွဲဖြစ်သလို ဘာစီလိုနာလိုအသင်းအတွက်လည်း ချန်ပီယံလိဂ်မှာ အုပ်စုကလှည့်ပြန်ခဲ့ရတယ်ဆိုတဲ့ အဖြစ်ကို ရှောင်လွှဲနိုင်ဖို့ လိုအပ်နေပါတယ်။ 

ဒါပေမယ့်လည်း တဖက်မှာတော့ သူတို့ရင်ဆိုင်ရမှာက လက်ရှိကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်နေတဲ့ ဘိုင်ယန်မြူးနစ်ဖြစ်နေပါတယ်။ ပထမအကျော့က နူးကမ့်မှာ ၃ ဂိုးပြတ်နဲ့ လာအနိုင်ယူခဲ့သလို လက်ရှိခြေစွမ်း၊ ကစားသမားအင်အားအရလည်း ဘာစီလိုနာက ဘယ်လိုမှ မယှဉ်နိုင်တာ တကယ့်လက်တွေ့အမှန်တရားပါပဲ။ ဇာဗီရဲ့ ဘာကာနည်းပြဘ၀ အကြမ်းတမ်းဆုံးခရီးတခုကို ကျော်ဖြတ်ပြရမယ်ဆိုင်လည်း မမှားပါဘူး။ 

တချိန်တုန်းက ဒိတ်ဒိတ်ကျဲပြိုင်ဘက်တွေဖြစ်နေခဲ့ပေမယ့် အခုကတော့ ဆင်နဲ့ ဆိတ်လိုဖြစ်နေပါတယ်။ လီဝန်ဒေါစကီး၊ မူလာ၊ နာဘရီ၊ ဆာနေးတို့ရဲ့ တိုက်စစ်ပိုင်းနဲ့ ဒီပိုင်း၊ ကော်တင်ဟို၊ ဒမ်ဘီလီတို့တိုက်စစ်ပိုင်းချင်းယှဉ်ကြည့်ရင်ကို သိသာနေပါပြီ။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကို ဇာဗီအသုံးချရမယ့်အပြင် ကံကြမ္မာရဲ့ ဖေးမမှုကိုလည်း မျှော်လင့်နေရမှာပါ။ 

ဘာစီလိုနာရဲ့ ယုတ်လျော့လာမှုက တကယ်အံ့အားသင့်စရာကောင်းခဲ့ပါတယ်။ အချိန်မရွေး အုပ်စုအဆင့်ကနေ တက်ရောက်နိုင်တဲ့အနေအထားကနေ အခုဆိုရင် အုပ်စုကမပြုတ်ဖို့အတွက် ရေကုန်ရေခမ်းကစားရဖို့ဖြစ်လာခဲ့ပါတယ်။ ကပ်ရောဂါစတင်ချိန်ကစလို့ ဘဏ္ဍာရေးပြသနာ၊ စီမံခန့်ခွဲမှုအမှားတွေ က သူတို့ကို အခုလိုဆွဲချပစ်ခဲ့တာပါ။ အံ့ဖွယ်သရဲညတညကို ဇာဗီဖန်တီးပြနိုင်မလား ဒါမှမဟုတ် ယူရိုပါလိဂ်အတွက်ပဲ ပြင်ဆင်ရမလားဆိုတာကတော့....။ 

Share

က္က