လာမယ့်လတွေမှာ အံ့အားသင့်ဖွယ်လှုပ်ရှားမှုတွေကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။

နည်းပြသစ်အပြောင်းအလဲလည်း ဖြစ်ပေါ်လာဖို့ရှိနေပြီး သူ ကိုယ်တိုင်လည်း နယူးကာဆယ်နဲ့ နေ့တိုင်းတွေ့ဆုံကာဆွေးနွေးမှုတွေပြုလုပ်နေရတယ်လို့ အဆိုပါပုဂ္ဂိုလ်က ဖွင့်ဟခဲ့ပါတယ်။


ဆော်ဒီသန်းကြွယ်သူဌေးတွေရဲ့ ပိုင်ဆိုုင်မှုအောက်ကို ရောက်ရှိခဲ့ပြီးနောက် နယူးကာဆယ်အသင်းရဲ့ အပြောင်းအရွှေ့ဗျူဟာတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ထွက်ပေါ်လာခဲ့ပြီလို့သိရပါတယ်။ သူတို့ဟာ လိုက်ဇစ်က ဘွန်ဒက်လီဂါမှာ လုပ်ဆောင်ခဲ့မှုအပေါ်ကို ပုံစံတူကူးပွားပြိး လိုက်လံလုပ်ဆောင်သွားဖို့ ပြင်ဆင်ထားတယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။ 



အမည်မဖော်လိုသူတစ်ဦးက "ဒီလိုအခြေအနေမျိုးမှာ စျေးကွက်အတွင်း ကြွက်တကောင်လိုငြိမ်သက်နေတဲ့ကလပ်က ရုတ်တရက်ကြီးငွေသားတွေအများကြီးရှိလာခဲ့ပါတယ်၊ ဒါက အေးဂျင့်တွေအတွက်တော့ ထီပေါက်သလိုပါပဲ၊ နယူးကာဆယ်က ဥရောပဘောလုံးလောကမှာ အထင်ကြီးလေးစားခံခဲ့ရသလို အင်္ဂလန်ဘောလုံးလောကမှာလည်း သမိုင်းဝင်အသင်းတစ်ခုပါ"


"ဒါပေမယ့် အခု သူတို့ရဲ့ စီမံကိန်းက အရမ်းစိတ်ဝင်စားစရာကောင်းနေပါတယ်၊ ဒါက ကျင့်ဝတ်နဲ့ညီလား၊ မညီသလားတော့မသိပါဘူး၊ ဒါပေမယ့် လာမယ့်လအနည်းငယ်လောက်ဆိုရင် ရူးသွပ်ချင်စရာတွေဖြစ်လာပါလိမ့်မယ်၊ ဒါကိုတော့ ကျွန်တော်ပြောနိုင်တယ်၊ ကစားသမားတွေကို နေ့တိုင်းနီးပါး သူတို့ကမ်းလှမ်းမှုတွေပြုလုပ်နေမှာဖြစ်ပြီး ကစားသမားတွေကလည်း ကြီးမားတဲ့စာချုပ်တွေချုပ်ဆိုဖို့ နယူးကာဆယ်နာမည်ကို အသုံးပြုကြပါလိမ့်မယ်၊ ကစားသမားတွေနဲ့ အေးဂျင့်တွေ ငွေပိုရတော့မှာပေါ့ဗျာ"

"ကျွန်တော်ဘာတွေကြားထားသလဲဆိုတာ၊ ဘာတွေသိထားလဲဆိုတာကို ပြောရမယ်ဆိုရင် အသင်းပိုင်ရှင်တွေဟာ မကြာသေးခင်က လူငယ်ကစားသမားတွေကို ရင်းနှီးမြုပ်နှံထားတဲ့ ဂျာမန်အသင်းတစ်ခုကို ဥပမာထားပြီး ညွှန်ကြားဖွယ်ရှိနေပါတယ်၊ သူတို့က လိုက်ဇစ်လိုပုံစံမျိုးကို စံနမူနာ ယူပြီးလုပ်နိုင်ပါတယ်၊ လက်ရှိမှာ နယူးကာဆယ်က ရှင်းလင်းတဲ့နောက်ဆုံးဆုံးဖြတ်ချက်မျိုးမရှိပေမယ့် နောက်လတွေအတွင်းရှိလာမယ်၊ ဇန်နဝါရီအတွင်း အသင့်ဖြစ်နေပါလိမ့်မယ်" လို့ Express Sport ကို ပြောဆိုသွားခဲ့ပါတယ်။ 


ဒီလိုပြောဆိုခဲ့သူက ဘယ်သူဘယ်ဝါလဲဆိုတာကို မသိခဲ့ရပေမယ့်လည်း နယူးကာဆယ်နဲ့ပတ်သက်ပြီး အတွင်းကျတဲ့ကိစ္စတွေကို သိရှိထားသူလို့ ယူဆရကြောင်း ဆိုပါတယ်။ နည်းပြသစ်အပြောင်းအလဲလည်း ဖြစ်ပေါ်လာဖို့ရှိနေပြီး သူ ကိုယ်တိုင်လည်း နယူးကာဆယ်နဲ့ နေ့တိုင်းတွေ့ဆုံကာဆွေးနွေးမှုတွေပြုလုပ်နေရတယ်လို့ အဆိုပါပုဂ္ဂိုလ်က ဖွင့်ဟခဲ့ပါတယ်။

Share

က္က