လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က သူ့အနေနဲ့ ဂျာမနီလက်ရွေးစင်အသင်းနဲ့ သတင်းတွေထွက်ပေါ်နေတာက ဂုဏ်ယူစရာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့် ကလော့ပ် ဒီသတင်းတွေကို အတည်ပြုပေးခဲ့ခြင်းမရှိဘဲ လီဗာပူးမှာသာ ဆက်နေဖို့ ပြောကြားသွားခဲ့ပါတယ်။
ဂျာမနီဟာ ခြေစမ်းပွဲမှာ ဂျပန်ကို ၁-၄ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့နောက် ဘောလုံးအဖွဲ့ချုပ်က နည်းပြ ဟန်ဆီဖလစ်ခ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ အဲ့ဒီနောက် လက်ရှိမှာတော့ ဂျာမနီတို့ နည်းပြသစ်ရှာဖွေနေပြီး ကလော့ပ်ကလည်း ဂျာမနီရဲ့ပစ်မှတ်စာရင်းထဲ ပါဝင်နေတယ်လို့ သိရှိရပါတယ်။
ဒါပေမယ့် ကလော့ပ်ကတော့ “နိုင်ငံလက်ရွေးစင်အသင်းနည်းပြရာထူးက ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ယူစရာပါပဲ။ ဒီအတွက် မေးခွန်းထုတ်စရာ မလိုပါဘူး။ ပြဿနာက ကျွန်တော့်ရဲ့ သစ္စာရှိမှုပါပဲ။ အခြေခံအားဖြင့် ပြောရရင် ဒါက စိတ်ဝင်စားစရာ အလုပ်ပါ။ ဒါပေမယ့် ကျွန်တော်က လီဗာပူးက ထွက်ပြီးရင်တောင် ဘာလုပ်ရမယ်ဆိုတာကို မသိသေးပါဘူး”
“ကျွန်တော့်အမြင်တွေကို ပွင့်ပွင့်လင်းလင်းပဲ ချပြချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ကလော့ပ်ဟာ ဘွန်ဒက်စ်လီဂါကလပ်တွေဖြစ်တဲ့ မိန့်ဇ်၊ ဒေါ့မွန်တို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတစ်ယောက်လည်း ဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း ဂျာမနီဘောလုံးအဖွဲ့ချုပ်က ဂျာမန်ကစားသမားတွေရဲ့အကြောင်းကို ကောင်းကောင်းနားလည်ထားတဲ့ ကလော့ပ်ကိုလည်း စိတ်ဝင်စားနေပြီး ဘိုင်ယန်မြူးနစ်နည်းပြဟောင်း နာဂယ်လ်စမန်းနဲ့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။