ပျောက်လွန်းအားကြီးလို့ ပရိသတ်တွေ ပေါက်ကွဲနေတာပါ။

မနေ့ညက ကစားခဲ့တဲ့ ဂျာမနီနဲ့အင်္ဂလန်တို့ရဲ့ ယူရိုနေးရှင်းလိဂ်ပွဲစဥ်မှာ မေဆင်မောင့်ရဲ့ခြေစွမ်းအပေါ် အင်္ဂလန်ပရိသတ်တွေက ဒေါသဖြစ်နေပါတယ်။ မေဆင်မောင့်ဟာ တပွဲလုံးပျောက်နေခဲ့တာကြောင့်လည်း အင်္ဂလန်ပရိသတ်တွေက သူ့ကို သရဲတကောင်အဖြစ် တင်စားပြီး လှောင်ပြောင်ခဲ့ကြပါတယ်။



ဒီပွဲမှာ ဂျာမနီက အင်္ဂလန်တိုက်စစ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပြီး ဦးဆောင်ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်ပွဲပြီးခါနီးမှာ ပေးလိုက်ရတဲ့ အငြင်းပွားဖွယ် ပင်နယ်တီကြောင့် အင်္ဂလန်တို့ ချေပဂိုးရခဲ့ပြီး နှစ်ပွဲဆက်အရှုံးနဲ့ မရင်ဆိုင်ခဲ့ရတာပါ။ အင်္ဂလန်ဟာ နေးရှင်းလိဂ်အဖွင့်ပွဲမှာလည်း ဟန်ဂေရီကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အခု ဂျာမနီနဲ့ပွဲမှာ အင်္ဂလန်ကွင်းလယ်က ဘယ်လင်ဂမ်၊ ဒကလန်ရိုက်စ်တို့ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် မေဆင်မောင့်၊ ဆာကာတို့ရဲ့ခြေစွမ်းကတော့ အားရစရာမရှိခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ဆာကာနဲ့မေဆင်မောင့်တို့ကို ဂရီလစ်ရှ်၊ ဘိုဝင်တို့နဲ့ လူစားလဲခဲ့ပါတယ်။

မေဆင်မောင့်ဟာ ဝင်ဘလေဗိုလ်လုပွဲကျိန်စာမိနေတဲ့ ကစားသမားလို့တောင်ဆိုရမှာဖြစ်ပြီး ဝင်ဘလေမှာ သူကစားခဲ့တဲ့ နိုင်ငံနဲ့ကလပ်အတွက် ဗိုလ်လုပွဲတွေမှာ ရလဒ်တွေဆိုးရွားခဲ့ပါတယ်။ ဒါ့အပြင် မေဆင်မောင့်ဟာ အင်္ဂလန်အတွက် ဂိုးမသွင်းနိုင်ခဲ့တာကလည်း (၁၃) ပွဲအထိ ရှိလာခဲ့ပါပြီ။ အဲ့ဒါကြောင့်လည်း အင်္ဂလန်ပရိသတ်တွေက ဂျာမနီနဲ့ပွဲအပြီးမှာ မေဆင်မောင့်ကို လှောင်ပြောင်ခဲ့တာပါ။

ပရိသတ်တွေက “မေဆင်မောင့်က ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးမားဆုံး သရဲတကောင်ပဲ“ “မေဆင်မောင့်ကို ကျေးဇူးပြုပြီး လူစာရင်းက ချန်လှပ်ခဲ့ပါတော့” “မောင့်က အင်္ဂလန်အတွက် တလွဲတွေချည်းပါပဲ။ သူ ဘာကြောင့် ပွဲကစားခွင့်ရနေသေးလဲ နားမလည်နိုင်တော့ဘူး” လို့ အမျိုးမျိုးဝေဖန်သွားခဲ့ကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က