ပင်နယ်တီကနေ ဟယ်ရီကိန်းက ချေပဂိုးသွင်းခဲ့တာပါ။

နေးရှင်းလိဂ် အုပ်စုဒုတိယပွဲမှာ ဂျာမနီ နဲ့ အင်္ဂလန်တို့ တဖက်တဂိုးစီနဲ့ သရေပွဲဖြစ်သွားခဲ့ပါတယ်။ ဂျာမနီအတွက် ဟော့ဖ်မန်းက ဦးဆောင်ဂိုးသွင်းယူခဲ့မှုကို ပွဲချိန်နှောင်းပိုင်းမှာ ဟယ်ရီကိန်းက ပင်နယ်တီကတဆင့် ချေပဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ကတော့ သူတို့ရဲ့ ချေပဂိုးအတွက် ဝေဖန်ခံနေရပြီး ဂျာမနီတို့ ရမှတ်ခိုးယူခံလိုက်ရတယ်လို့ ဂျာမနီဘက်က ပြောဆိုခဲ့ပါတယ်။ 

အင်္ဂလန်အသင်းဟာ ဟယ်ရီကိန်းကြောင့် ပင်နယ်တီရရှိခဲ့ရာမှာ ဘောလုံးလက်ခံရရှိချိန် ဟယ်ရီကိန်းက လူကျွံအနေအထားမှာရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စပိန်ဒိုင်လူကြီး ကားလို့စ်ဒယ်ဆာရိုဂရန်ဒီက အစောပိုင်းမှာပင်နယ်တီမပေးခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး နောက်မှာတော့ ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ 




ဂရီလစ်ရှ်က ဘောလုံးကိုဆွဲယူလာပြီးနောက် စတာလင်ဆီကို ထိုးပေးခဲ့ရာမှာ ဂျာမနီနောက်ခံလူတဦးနဲ့ထိပြီး ဘောလုံးက ဟယ်ရီကိန်းဘက်ကို ရောက်ရှိလာခဲ့တာပါ။ ဒီအချိန်မှာ ကိန်းက ဘောလုံးကိုလုဖို့ကြိုးစားနေရင်း သူ့ကိုလူကပ်ကစားထားတဲ့ ဂျာမနီနောက်ခံလူက ခြေချိတ်သလိုဖြစ်ခဲ့ပြီး လဲကျခဲ့ကာ ပင်နယ်တီအဖြစ် အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပါတယ်။ 

build-up စတင်လုပ်နေချိန်မှာ ဟယ်ရီကိန်းက လူကျွံနေခဲ့တယ်လို့ ပရိသတ်တွေက ထောက်ပြခဲ့ကြပြီး ပင်နယ်တီမပေးသင့်ဘူးလို့ ဂျာမနီပရိသတ်တွေက ပြောဆိုခဲ့ကြပါတယ်။ ဒီလိုပြောဆိုခဲ့ရာမှာတော့ ပရိသတ်တဦးက အင်္ဂလန်ဆိုတဲ့နာမည်အစား ပင်ဂလန်တို့ ပြောင်းလဲခေါ်ဝေါ်ကာ လှောင်ပြောင်ခဲ့ပြီး တချို့ကတော့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ထောက်ခံခဲ့ပါတယ်။ 

"ဘောလုံးက ဂျာမနီကစားသမားနဲ့ထိပြီးတော့မှ ထွက်လာတာမို့ ဒါက build-up လုပ်တဲ့အဆင့်မဟုတ်တော့ဘဲ နောက်ထပ်ကစားပုံအဆင့်သစ်ပြောင်းသွားတယ်လို့ သူ ယူဆခဲ့ပုံရပါတယ်" လို့ အဆိုပါပရိသတ်က ရေးသားပြောဆိုခဲ့ပါတယ်။ 

Share

က္က