ကမ္ဘာ့ဖလားကတည်းက ဒီလိုဖြစ်ခဲ့တာဆိုပြီး ဝေဖန်သွားခဲ့ပါတယ်။

ဂျာမနီလက်ရွေးစင်တိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်က ပရိသတ်တွေဟာ ဂျာမနီလက်ရွေးစင်အသင်းကို လုံလောက်တဲ့ အားပေးမှုတွေ မရှိဘူးလို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဂျာမနီဟာ ဂျပန်ကို ၁-၄ ဂိုးနဲ့ ခြေစမ်းပွဲမှာ အရေးနိမ့်ခဲ့ပြီးနောက် ဖိအားတွေ များပြားနေတာပါ။



ပရိသတ်တွေကလည်း လက်ရွေးစင်အသင်းနဲ့ ပတ်သက်လို့ ဝေဖန်ပြစ်တင်မှုတွေရှိနေပြီး အဖွဲ့ချုပ်ကလည်း လက်ရွေးစင်နည်းပြ ဟန်ဆီဖလစ်ခ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးဖြစ်ပါတယ်။ ဟာဗက်ဇ်ကတော့ ဂျပန်နဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ လက်ရွေးစင်အသင်းပရိသတ်တွေနဲ့ ပတ်သက်လို့ ဝေဖန်ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ဟာဗက်ဇ်က “ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြန်ကြည့်လိုက်ရင် ကျွန်တော်တို့က နိုင်ငံဆီကနေ အဲ့ဒီလောက်အထိ အားပေးထောက်ခံမှုမရရှိခဲ့ပါဘူး။ ကျွန်တော်တို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့ရတာပါ။ ခင်ဗျားတို့ တခြားနိုင်ငံအသင်းတွေရဲ့ ပရိသတ်နဲ့ အားပေးမှုကို မြင်လိုက်ရင် ကျွန်တော်တို့မှာ တစ်ခုခု လိုအပ်နေတယ်လို့ စဉ်းစားမိပါတယ်”

“ပြောနေကျအတိုင်းဆိုရင် ပရိသတ်တွေက (၁၂) ယောက်မြောက် ကစားသမားတွေဖြစ်ပြီး ဆိုးရွားတဲ့အချိန်မှာတောင် အားပေးရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ဒါမျိုးကို ရာနှုန်းပြည့် မခံစားရပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဟာဗက်ဇ်ရဲ့ပြောစကားကတော့ ဂျာမနီပရိသတ်တွေနဲ့ ထိပ်တိုက်တွေ့လိုက်တဲ့ စကားဖြစ်ပြီး ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဂျာမနီဟာ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရတဲ့ အသင်းတစ်သင်းပါ။ လက်ရှိမှာလည်း အသင်းက နောက်ဆုံး (၅) ပွဲမှာ (၄) ပွဲအထိ ရှုံးနိမ့်ထားခဲ့ပြီး အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဟာဗက်ဇ်က နိုင်ငံအသင်းပရိသတ်တွေကို ပြန်လည်ဝေဖန်သွားခဲ့တာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က