ကွင်းလယ်မှာ ခြေစွမ်းပြခဲ့တာပါ။

မနေ့ညက ကစားသွားတဲ့ ဂျာမနီနဲ့ စကော့တလန်တို့ရဲ့ ယူရိုအုပ်စုအဖွင့်ပွဲမှာ ဂျာမနီအတွက် ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေထဲမှာ တိုနီကရူးစ်လည်း ပါဝင်ခဲ့ပါတယ်။ ဒီပွဲမှာ ဂျာမနီက စကော့တလန်ကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



ဂျာမနီအတွက် ဖလော်ရီယန်ဝစ်ဇ်၊ မူဆီအာလာတို့ ခြေစွမ်းပြခဲ့တာကိုသာ မီဒီယာတွေ၊ ပရိသတ်တွေက အဓိကမီးမောင်းထိုး ချီးကျူးနေခဲ့ကြပါတယ်။ ဒါပေမယ့် ဂျာမနီတို့ရရှိခဲ့တဲ့ အဖွင့်ဂိုးနှစ်ဂိုးအတွက် တိုနီကရူးစ်က အဓိကပံ့ပိုးသူနေရာကနေ ပါဝင်ခဲ့ပါတယ်။

ပထမဂိုးမှာ ဂိုးဖန်တီးပေးမယ့် ကင်မစ်ချ်ဆီကို အဝေးဘော ဖြန့်ပေးခဲ့တာက တိုနီကရူးစ်ဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယဂိုးအတွက်လည်း တိုနီကရူးစ်က ဂွန်ဒိုဂန်ဆီ ဘောလုံးအရပေးပို့ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှာ ဂွန်ဒိုဂန်ရဲ့ လှည့်ထွက်မှုကလည်း တော်တော်လေးကို လှပခဲ့ပြီး သူက တစ်ဆင့် ကိုင်ဟာဗက်ဇ်၊ ဟာဗက်ဇ်ရဲ့ ဖန်တီးပေးမှုကနေ မူဆီအာလာက သွင်းယူပေးခဲ့တာပါ။ တိုနီကရူးစ်ဟာ ပထမပိုင်းတစ်ပိုင်းတည်းတင် ဘောလုံးပေးပို့မှု (၅၅) ကြိမ်ရှိခဲ့ပြီး အောင်မြင်မှုနှုန်းက (၁၀၀) ရာခိုင်နှုန်းဖြစ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲကြီးက တိုနီကရူးစ်ရဲ့ ကစားသမားဘဝ နောက်ဆုံးသော ပြိုင်ပွဲကြီးလည်း ဖြစ်ပါတယ်။ တိုနီကရူးစ်ဟာ အခု ယူရိုအပြီးမှာ ကစားသမားဘဝကနေ အပြီးတိုင် အနားယူမှာဖြစ်ပြီး သူ့ကို ယူရိုချန်ပီယံဆုနဲ့ နှုတ်ဆက်သွားနိုင်ဖို့လည်း ပရိသတ်တွေက မျှော်လင့်နေပါတယ်။

Share

Loading Next Article...
က္က