၅ ကြိမ် ဒါမှမဟုတ် ၃ နှစ်ဆက်တိုက်ရမှသာ တပ်ဆင်ခွင့်ရမှာပါ။

မန်ချက်စတာစီးတီးအသင်းဟာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပေမယ့်လည်း လာမယ့်ရာသီ သူတို့ရဲ့ ဂျာစီမှာတော့ အောင်ပွဲရအမှတ်တံဆိပ်ကို တပ်ဆင်ခွင့်ရမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဂွာဒီယိုလာရဲ့ အသင်းဟာ တရာသီအတွင်း ဖလား ၃ လုံး တပြိုင်တည်းရယူနိုင်တဲ့ စံချိန်ကိုပါ ရရှိခဲ့တာပါ။ 

ဒီလိုအောင်မြင်မှုရရှိခဲ့ပေမယု့် မန်စီးတီးကတော့ ဆိုခဲ့တဲ့အတိုင်း တပ်ဆင်နိုင်ဦးမှာ မဟုတ်ပါဘူး။ မန်စီးတီးပရိသတ်တွေက လာမယ့်ရာသီ သူတို့အသင်းဂျာစီပုံစံကို ပြသခဲ့ရာမှာ winner badge ပါဝင်ခဲ့လို့ ပြန်လည်ရှင်းပြနေရတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ အနိုင်ရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်တို့အပါအဝင် အခြားအသင်းတွေမှာတော့ အဆိုပါတံဆိပ်ကို တပ်ဆင်ထားခဲ့တာကိုတော့ အားလုံးမြင်တွေ့ခဲ့ကြရပါတယ်။ 



မန်စီးတီးတပ်ဆင်ခွင့်မရသေးတဲ့ အကြောင်းရင်းကတော့ ချန်ပီယံလိဂ်ဖလားကို တကြိမ်တည်းသာ ရယူနိုင်တဲ့ အသင်းတွေဆိုရင် တပ်ဆင်ခွင့်မပေးထားတာကြောင့်ဖြစ်တယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ ဥရောပမှာတော့ အဆိုပါတံဆိပ်ကို တပ်ဆင်ခွင့်ရထားတဲ့ အသင်းက အနည်းငယ်သာ ရှိပါတယ်။ 

လက်ရှိမှာဆိုရင် ဘာစီလိုနာ၊ လီဗာပူးလ်၊ အေဂျက်ဇ်၊ ဘိုင်ယန်၊ အေစီမီလန်၊ ရီးရဲလ်မက်ဒရစ်တို့လို ဆုဖလား ၅ ကြိမ်ရထားတဲ့အသင်းတွေ ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလားကို ၃ ကြိမ်ဆက်တိုက်ရရှိထားတဲ့ အသင်းတွေကိုသာ ခွင့်ပြုပေးထားတာဖြစ်ပါတယ်။ 

ယူရိုပါလိဂ်မှာလည်း ဆီဗီလာကို သူတို့ရဲ့ ယူရိုပါလိဂ်အောင်မြင်မှုကြောင့် ခွင့်ပြုပေးထားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်၊ အင်တာမီလန်၊ ချယ်လ်ဆီးတို့လို အသင်းတွေအနေနဲ့ ချန်ပီယံလိဂ် winning badge တပ်ဆင်ခွင့်ရဖို့ဆိုရင် ဆုဖလားကို ၂ ကြိမ်စီ ထပ်မံရယူနိုင်ဖို့ လိုအပ်နေပါသေးတယ်။ မန်စီးတီးဆိုရင်လည်း ၃ နှစ်ဆက်တိုက် ဒါမှမဟုတ် နောက်ထပ် ၄ ကြိမ် ရယူဖို့ လိုအပ်နေဦးမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က