အယ်လ်နာဆာ ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပေါ်တူဂီမီဒီယာတစ်ခုက ၎င်းဟာ ဗင်နီဇွဲလားဘလော့ဂါ ဂျော်ဂျီလာယာနဲ့ ကြိတ်ပုန်းခုတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပြီးနောက် အတူနေချစ်သူဖြစ်တဲ့ ဂျော်ဂျီနာ ရိုဒရီဂက်ဇ်အပေါ် ဖောက်ပြန်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကို တုံ့ပြန်ခဲ့ပါတယ်။
ဂျော်ဂျီလာယာက ပေါ်တူဂီလက်ရွေးစင်အသင်းက ၂၀၂၂ ကမ္ဘာ့ဖလားအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟာ ပေါ်တူဂီမြောက်ပိုင်း Vila Nova de Gaia က Solverde ဟိုတယ် အခန်း ၃၁၂ မှာ တစ်ညအချိန်ကုန်ဆုံးခဲ့တယ်လို့ သိရပါတယ်။
ဂျော်ဂျီလာယာက တခြားကစားသမားတွေနဲ့ ရိုက်ကူးထားတဲ့ ဆယ်လ်ဖီပုံကို တင်ခဲ့ပြီးနောက် ရော်နယ်လ်ဒိုက ၎င်းရဲ့ အခန်းကို လာရောက်ဖို့ စာတိုပေးပို့ပြီး ဖိတ်ခေါ်ခဲ့တယ်လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ "ကျွန်မ မက်ဆေ့ချ်တွေ ဖတ်တဲ့အချိန်မှာ ကျွန်မ သူ့အခန်းကို သွားပြီး စကားပြေရင် တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်း ပိုသိနိုင်ပြီး နောက်ထပ် ဓာတ်ပုံအချို့ ရကောင်း ရနိုင်တယ်လို့ ထင်ခဲ့မိပါတယ်။ ကျွန်မ အဲဒီအခြေအနေမှာ ဖောင်းဒိုင်းလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ အမှန်တော့ အဲဒီလို ဖြစ်ခဲ့ပါတယ်"
"ကျွန်မဘက်ကလည်း သဘောတူညီမှု ပါခဲ့ပါတယ်။ ဒါပေမယ့်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကျော်ကြားမှုနဲ့ အရှိန်အဝါတွေရဲ့ လွှမ်းမိုးခြယ်လှယ်တာ ခံခဲ့ရတယ်လို့ ခံစားမိခဲ့တယ်"လို့ ရေးသားခဲ့ပါတယ်။ ဂျော်ဂျီလာယာက ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဖောင်းဒိုင်းခဲ့တဲ့အတွက် ခင်ပွန်းဖြစ်သူအပေါ်မှာ ဖောက်ပြန်မိခဲ့တယ်ဆိုတဲ့စိတ်ရဲ့ ညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရတယ်လို့ ပြောကြားခဲ့ပြီး ရော်နယ်လ်ဒိုနဲ့ ဟိုဆေး ဆီမီဒိုအပါအဝင် ၎င်းရဲ့ သူငယ်ချင်းတွေ ပို့ခဲ့တဲ့ မက်ဆေ့ချ်တွေကို ထုတ်ဖော်ပြသခဲ့ပြီးနောက် ငွေကြေးနဲ့ ကျော်ကြားမှုကို လိုချင်တာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
ဘလွန်ဒေါ ၅ ဆုရှင် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အဲဒီဇာတ်လမ်းကို ပေါ်တူဂီက Correio da Manhã သတင်းစာမှာ ပါလာခဲ့ပြီးနောက် စွပ်စွဲမှုတွေကို လျင်လျင်မြန်မြန်ပဲ ငြင်းပယ်ခဲ့ပြီး ရော်နယ်လ်ဒိုရဲ့ ပြောရေးဆိုခွင့်ရှိသူက "ဒီသတင်းတွေက လုံးဝကို မှားယွင်းပြီး အသရေဖျက်မှုပါ"လို့ ပြောကြားခဲ့ပါတယ်။