ရော်နယ်ဒိုတစ်ယောက် ဂိုးလည်းမရခဲ့ပါဘူး။

မနေ့ညက ကစားခဲ့တဲ့ ဂျော်ဂျီယာနဲ့ ပေါ်တူဂီတို့ရဲ့ ယူရိုအုပ်စုနောက်ဆုံးပွဲမှာ ရော်နယ်ဒိုတစ်ယောက် အကြီးအကျယ် ပွဲကြမ်းခဲ့သေးတယ်လို့ သိရှိရပါတယ်။ ဒီပွဲမှာ ဂျော်ဂျီယာက ပေါ်တူဂီကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။



ပေါ်တူဂီအတွက် ဒီပွဲအနိုင်အရှုံးက အရေးမကြီးခဲ့ဘဲ ရှုံးနိမ့်ခဲ့ရင်တောင်မှ အုပ်စုဗိုလ်နေရာက သေချာခဲ့ပြီးသားပါ။ ဒါပေမယ့်လည်း ပေါ်တူဂီနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က ရော်နယ်ဒိုကို အနားမပေးဘဲ ပွဲထွက် ကစားခွင့်ပေးခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ရှေ့ယူရိုနှစ်ပွဲမှာ တစ်ဂိုးမှမသွင်းနိုင်သေးတာကြောင့် ဒီပွဲမှာ ဂိုးသွင်းဖို့ ပစ်မှတ်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ထင်သလို မဖြစ်ခဲ့ဘဲ ပထမပိုင်းမှာတင် အဝါကတ်ထိခဲ့ပါတယ်။

ဂျော်ဂျီယာနောက်ခံလူက သူ့ရဲ့အင်္ကျီကို သိသိသာသာ ဆွဲထားခဲ့တာပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီမပေးခဲ့ပါဘူး။​အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုက ဒိုင်လူကြီးကို ဒေါသတကြီးနဲ့ စောဒကတက်ခဲ့ပြီး အဝါကတ်ထိသွားခဲ့တာပါ။

ဒုတိယပိုင်း (၆၆) မိနစ်မှာတော့ ပေါ်တူဂီနည်းပြ မာတီနက်ဇ်က ရော်နယ်ဒိုကို ဂွန်ကာလိုရာမို့စ်နဲ့ လူစားလဲခဲ့ပါတယ်။ လူစားလဲခံရချိန်မှာလည်း ရော်နယ်ဒိုက ကွင်းဘေးမှာ ထပ်သောင်းကျန်းခဲ့ပြီး သူ့အတွက် စိတ်ပျက်စရာရှုံးပွဲတစ်ပွဲလည်း ဖြစ်ခဲ့ရပါတယ်။

Share

Loading Next Article...
က္က