ခီလီယာကတော့ စပိန်နောက်တန်းကို ဒုက္ခပေးနိုင််ခဲ့သေးတာပါ။

မနေ့ညက ကစားခဲ့တဲ့ စပိန်နဲ့ ဂျော်ဂျီယာတို့ရဲ့ ယူရိုရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်မှာ စပိန်က ၄-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာ ဦးဆောင်ဂိုးအရင်ရခဲ့တာက ဂျော်ဂျီယာဖြစ်ခဲ့တာပါ။



ပွဲကစားချိန် (၁၈) မိနစ်မှာ စပိန်နောက်ခံလူ နော်မန်က ဂျော်ဂျီယာရဲ့ ဖြတ်တင်ဘောကို တားဆီးဖို့ ကြိုးစားရင်း ကိုယ့်ဂိုးကို​ယ်သွင်းယူမိခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးမှာ ဂျော်ဂျီယာရဲ့ တန်ပြန်တိုက်စစ်ကို အစပြုပေးခဲ့တဲ့ ကစားသမားက ခီလီယာဖြစ်ခဲ့ပြီး နော်မန်နောက်မှာလည်း အဆင်သင့်ပိတ်သွင်းဖို့ ရှိနေခဲ့ပါတယ်။

ဒါပေမယ့် နော်မန်က တားဆီးဖို့ ကြိုးစားရင်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သလို ဖြစ်ခဲ့တာပါ။ နောက်ပိုင်းမှာ စပိန်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေရရှိသွားခဲ့ပေမယ့် ဂျော်ဂျီယာ တောင်ပံကစားသမား ခီလီယာကတော့ ဘောလုံးရတဲ့အချိန်အတိုင်းမှာ စပိန်နောက်တန်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

ကာဗာဟယ်လ်၊ နော်မန်တို့ရဲ့ စပိန်ခံစစ်တန်းက ခီလီယာကြောင့် မကြာခဏ ဒုက္ခရောက်ခဲ့ရပြီး ခီလီယာ ဘောလုံးဆွဲပြေးလာတဲ့အချိန်တွေဆိုရင် စပိန်ကစားသမား သုံးလေးယောက်အထိ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း ခီလီယာက မထင်မှတ်တဲ့ ကွင်းလယ်ကနေ ကန်သွင်းဖို့ ကြိုးစားခဲ့ပြီး ဘောလုံးက ဂိုးဘေးကပ်ထွက်သွားလို့ နစ်နာခဲ့ရတာပါ။

ခီလီယာဟာ ဂျော်ဂျီယာရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ယူရို ရှုံးထွက် ခရီးလမ်းအတွက် အုပ်စုတွင်းပွဲစဉ်တွေမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပါတယ်။ အုပ်စုနောက်ဆုံးပွဲအဖြစ် ပေါ်တူဂီနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့သလို အခု စပိန်နဲ့ပွဲမှာလည်း စပိန်ခံစစ်ကို ဒုက္ခပေးနိုင်ခဲ့သေးတာပါ။ ဒီ နာပိုလီ ကစားသမားကို ခေါ်ယူဖို့အတွက်လည်း ပီအက်စ်ဂျီက စိတ်ဝင်စားတဲ့ သတင်းတွေ ထွက်ပေါ်နေပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က