ဂယ်လာဂါ ပင်နယ်တီလွဲချော်ခဲ့တာပါ။

ဒီကနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ရှားလော့တို့ရဲ့ ပွဲစဥ်မှာတော့ ပွဲကစားချိန်အတွင်း တဖက်တဂိုးစီသရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာတော့ ရှားလော့က ၅-၃ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးတို့ ပူလီဆစ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး အနိုင်ရဖို့လည်း အခြေအနေ အတော်လေး ကောင်းခဲ့တာဖြစ်ပါတယ်။





ဒါပေမယ့်လည်း ချဲလ်ဆီးတို့ ပွဲကစားချိန် မိနစ် (၉၀) မှာ ပင်နယ်တီပေးလိုက်ရပြီး နိုင်ပွဲနဲ့ လွဲချော်ခဲ့တာပါ။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ ရှားလော့က ငါးကြိမ်လုံးကို ဝင်အောင်ကန်သွင်းခဲ့ပြီး ချဲလ်ဆီးက ဂယ်လာဂါ ပင်နယ်တီလွဲခဲ့တာကြောင့် ချဲလ်ဆီးတို့ ရာသီကြိုခြေစမ်းပွဲမှာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီနေရာမှာ ပြောစရာရှိတာက ဂယ်လာဂါက Panenka ကန်ချက်နဲ့ ကန်သွင်းဖို့ ကြိုးစားခဲ့ဟန်ရှိပေမယ့် အရာမထင်ခဲ့ဘဲ ဂိုးသမားက သက်သောင့်သက်သာ ဖမ်းယူသွားခဲ့တာပါ။ ဂယ်လာဂါတယောက် ဂျော်ဂျင်ဟိုနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ နှစ်ယောက် ပေါင်းစပ်ထားတဲ့ပုံစံကိုလည်း အသုံးပြုခဲ့တယ်လို့ ဆိုနိုင်ပေမယ့် ကံဆိုးမိုးမှောင်ကျခဲ့ရတာဖြစ်ပါတယ်။



ဂယ်လာဂါရဲ့ ပင်နယ်တီလွဲချော်ပုံကို ရုပ်သံတင်ဆက်သူက ရယ်မောနေခဲ့သလို ပြိုင်ဘက်ဂိုးသမားကလည်း ပြုံးရယ်နေခဲ့ပါတယ်။ ပွဲအပြီးမှာလည်း ဒီကစားသမားရဲ့ ပင်နယ်တီကန်သွင်းပုံနဲ့ ပတ်သက်လို့ ပရိသတ်တွေက မျိုးစုံ ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။ “ငါမြင်ဖူးသမျှ ပင်နယ်တီတွေထဲမှာ အဆိုးရွားဆုံးပဲ” “ဒီကောင် ဘာလုပ်လိုက်တာလဲ” “နောက်ခံစကားပြောတဲ့လူတောင်မှ ရယ်နေပြီ” အစရှိသဖြင့် ပရိသတ်တွေက ဝေဖန်နေကြပါတယ်။

ဂယ်လာဂါဟာ ပြီးခဲ့တဲ့ရာသီမှာ ခရစ္စတယ်ပဲလေ့စ်ကို အငှားနဲ့သွားကစားရင်း ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လာမယ့်ရာသီသစ်အတွက် ချဲလ်ဆီးမှာ ပုံမှန်တနေရာတိုက်ပွဲဝင်ခွင့်ရရှိမှာပါ။ ဒါပေမယ့်လည်း အခု ရာသီကြိုခြေစမ်းပွဲမှာ လွဲချော်ခဲ့တဲ့ ပင်နယ်တီပုံစံကတော့ ဆိုးရွားလွန်းတယ်လို့ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က