ပေါ်တာကို ပရိသတ်တွေက ထုတ်ပယ်ဖို့ ဆက်တိုက်တောင်းဆိုခဲ့ကြတာပါ။

ချယ်လ်ဆီးအသင်းဟာ နည်းပြဂရေဟမ်ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။ ဒီနေ့မနက် အစောပိုင်း (မြန်မာစံတ​ော်ချိန်) က ထုတ်ပယ်ခဲ့တာဖြစ်ပြီး ဒီသတင်းထွက်လာအပြီးမှာတော့ ချယ်လ်ဆိးပရိသတ်တွေဟာ အသင်းကွင်းရှေ့စုရုံးကာ အောင်ပွဲခံခဲ့ကြတယ်လို့လည်း သိရပါတယ်။ 

ပေါ်တာကတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကမှ ဘရိုက်တန်ကနေ ချယ်လ်ဆီးကို ပြောင်းလဲကိုင်တွယ်ခဲ့တာပါ။ သူ့ကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးက ဘရိုက်တန်ကို လျော်ကြေး ယူရို ၂၁.၅ သန်းအထိ ပေးခဲ့ရတယ်လို့ သိရပြီး နည်းပြတဦးအတွက် ကမ္ဘာ့လျော်ကြေးအများဆုံးပေးခဲ့ရတာလို့လည်း အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ 

ဒီရာသီအတွင်းမှာပဲ ချယ်လ်ဆီးက သောမတ်စ်တူချယ်လ်ကို ထုတ်ပယ်ခဲ့ကာ ပေါ်တာကို ခန့်အပ်ခဲ့တာပါ။ အခုအခါ ပေါ်တာကိုလည်း ထပ်မံထုတ်ပယ်ခဲ့ပြီး ဘရူနိုဆယ်လ်တာကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။ ပေါ်တာဟာ ချယ်လ်ဆီးကို ၉ လသာ ကိုင်တွယ်ခဲ့ရပြီး စုစုပေါင်း ၃၁ ပွဲ အထိ သူ့လက်အောက်မှာ ကစားခဲ့ပါတယ်။ 

အဆိုပါ ၃၁ ပွဲမှာ ရှုံးပွဲ ၁၁ ပွဲအထိရှိခဲ့ပြီး ၁၂ပွဲသာနိုင်ကာ ၈ ပွဲ သရေကျခဲ့ပါတယ်။ ဘရိုက်တန်ကို ပရီးမီးယားလိဂ်မှာ အသင်းကောင်းတသင်းဖြစ်လာအောင် ပေါ်တာက တည်ဆောက်ပေးနေပြီး အထင်ကြီးစရာစွမ်းဆောင်ရည်တွေကြောင့် ချယ်လ်ဆီးက ခေါ်ယူခဲ့ပေမယ့် စတန်းဖို့ဒ်ဘရစ်ချ်မှာတော့ သူ ကျရှုံးခဲ့ရကာ ထုတ်ပယ်ခြင်းပါ ခံလိုက်ရတာဖြစ်ပါတယ်။ 

ဗီလာကို အိမ်ကွင်းမှာ အရေးနိမ့်အပြီး သူ့ကိုထုတ်ပယ်ဖို့ အသင်းပရိသတ်တွေ ဆက်တိုက်တောင်းဆိုခဲ့ကြပြီး နောက်ဆုံးမှာ အမှန်တကယ်ထုတ်ပယ်သွားခဲ့ပါတယ်။ လက်ရှိသတင်းတွေအရတော့ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း နာဂယ်စမန်းကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ဘုတ်အဖွဲ့က ဆန္ဒရှိနေကြောင်း သိရပါတယ်။ 

Share

Loading Next Article...
က္က