ပင်နယ်တီကန်သွင်းဟန်ကတော့ တမူထူးခြားနေခဲ့ပါတယ်။

ရုရှားတတိယတန်းကလပ် နီဖစ်ကာဆန်အသင်းမှာ ကစားနေတ​ဲ့ နိုရစ်အက်ဗ်ဒါလာရန်ဆိုတဲ့ ကစားသမားကတော့ သူ့ရဲ့ အများနဲ့မတူတမူထူးခြားတဲ့ ပင်နယ်တီကန်သွင်းချက်နဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပြန်ပါပြီ။ အက်ဗ်ဒါလာရန်ဟာ ပင်နယ်တီကို ရိုးရိုးတန်းတန်းကန်သွင်းတာမဟုတ်ဘဲ နောက်ဂျွမ်းပစ်ပြီး ကန်သွင်းခဲ့ရာမှာတော့ ပရိသတ်တွေကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့ပါတယ်။ 

၂၀၁၈ တုန်းကလည်း သူက အဆိုပါကန်သွင်းချက်ကို အပျော်တမ်းလိဂ်မှာ သွင်းယူခဲ့ဖူးသေးပြီး အခုအခါမှာတော့ ရုရှားတတိယတန်းမှာပါ ထပ်မံသွင်းယူပြခဲ့တာပါ။ သူက ဘောလုံးကို ကန်သွင်းဖို့အတွက် ပြေးသွားခဲ့ပြီးနောက်မှာ နောက်ဂျွမ်းပစ်ဖို့လုပ်ခဲ့ပြီး ညာခြေထောက်က ဘောလုံးကို ကန်ယူခဲ့တာလည်းဖြစ်ပါတယ်။ ပြိုင်ဘက်ဂိုးသမားက ဘယ်လိုမှ မဟန့်တားနိုင်ဘဲ ဂိုးပေးခဲ့ရပါတယ်။ 



သူ့ရဲ့ ကန်သွင်းဟန်ဗီဒီယိုကို ကြည့်ရှုသူပေါင်း ၃ သန်းခွဲကျော်အထိ ရှိနေပြီး တော်တော်လေးလည်း ပြောင်မြောက်တဲ့ သွင်းဂိုးဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ကစားသမားက ပိုပြီးထူးခြားတာကတော့ နာမည်ကျော်ရုပ်ရှင်ဇာတ်ကောင် ဂျိမ်းစ်ဘွန်းရဲ့ ကုဒ်နံပါတ်ဖြစ်တဲ့ 007 ကို ကျောနံပါတ်အဖြစ် ဝတ်ဆင်ကစားပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။ 

ဘောလုံးပွဲတွေမှာ ကျောနံပါတ်ဂျာစီတွေကို နံပါတ် ၁ ကနေ ၉၉ အထိ ဝတ်ဆင်ကြလေ့ရှိပေမယ့် သူကတော့ ထူးထူးခြားခြားဆိုသလိုပဲ ဂဏန်း ၃ လုံးအထိ ရွေးချယ်ဝတ်ဆင်ခဲ့တာပါ။ အရင်က အင်တာမီလန်ကစားသမားဟောင်း ဇာမိုရာနိုက ကျောနံပါတ် ၉ ကို မရခဲ့လို့ ၁+၈ ဆိုပြီး ရွေးချယ်ဝတ်ဆင်ခဲ့မှုက ထူးခြားမှုတခုအဖြစ်ရှိနေခဲ့ပြီး အခုအခါမှာ အက်ဗ်ဒါလာရန်က 007 ကို ဝတ်ဆင်ပြီး ဇာမိုရာနိုထက် ပိုပြီးထူးခြားခဲ့ပါတယ်။ 


Share

Loading Next Article...
က္က