နေမာက ခြေစမ်းပွဲမှာတောင် ဒိုင်ဗင်ထိုးခဲ့တာပါ။

ပီအက်စ်ဂျီတိုက်စစ်ကစားသမား နေမာဟာ မနေ့က ကစားခဲ့တဲ့ ဂမ်ဘာအိုဆာကာနဲ့ ခြေစမ်းပွဲမှာ တော်တော်လေး ရုပ်ပျက်ဆင်းပျက်နိုင်အောင် ဒိုင်ဗင်ထိုးခဲ့တာကို ပရိသတ်တွေမြင်တွေ့ခဲ့ရပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီက ဂမ်ဘာအိုဆာကာကို ၆-၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။



ဒါပေမယ့်လည်း နေမာရဲ့လုပ်ရပ်က တော်တော်လေးကို ရုပ်ဆိုးခဲ့ပြီး ပွဲကစားချိန် မိနစ် (၃၀) မှာ ပြိုင်ဘက်ဂိုးဧရိယာအတွင်း ထိုးဖောက်ဝင်ရောက်ရင်း ပြိုင်ဘက်ကစားသမား မီရူယာရဲ့ ဖျက်ထုတ်မှုမှာ နေမာက ဒိုင်ဗင်ထိုးခဲ့တာပါ။ နေမာက ဘောလုံးကို တချက်ပြန်ခေါက်ခဲ့တဲ့နေရာမှာ မီရူယာက နေမာကို လျှောတိုက်ဟန့်တားဖို့ ကြိုးစားခဲ့ပါတယ်။



မီရူယာရဲ့ ဖျက်ထုတ်မှုက နေမာကို နည်းနည်းလေးတောင် မထိခဲ့ဘူးလို့ ပြောနိုင်ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ပင်နယ်တီပေးခဲ့ပါတယ်။ နေမာကတော့ သူ့ရဲ့ထုံးစံအတိုင်း ကွင်းထဲမှာ လူးလှိမ့်ပြခဲ့ပါသေးတယ်။ အဲ့ဒီနောက် ဒီပင်နယ်တီကို နေမာကပဲ ကိုယ်တိုင်ကန်သွင်းပြီး ပီအက်စ်ဂျီတို့ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပရိသတ်တွေကတော့ “နေမာက ခြေစမ်းပွဲမှာတောင် ဘာလို့ဒိုင်ဗင်ထိုးနေတာလဲ” ဒီလောက်လုပ်ဖို့ လိုအပ်လို့လား။ သူတို့ အနိုင်ရပြီးသားပွဲတွေလေ” “နေမာက နာချင်ယောင်ဆောင်ပြီး အမြဲတမ်း မြက်ခင်းပေါ်မှာ လူးလှိမ့်ပြနေပါတယ်” လို့ အသီးသီး ဝေဖန်ခဲ့ကြပါတယ်။

ပီအက်စ်ဂျီဟာ လက်ရှိနွေရာသီမှာ ကစားပြီးသမျှ ခြေစမ်းပွဲ (၄) ပွဲမှာ (၄) ပွဲလုံး အနိုင်ရရှိခဲ့ပါတယ်။ ဒီအထဲမှာ ဂျေလိဂ်ကလပ် (၃) သင်းကို ဂျပန်မှာအနိုင်ယူခဲ့တဲ့ပွဲတွေလည်း ပါဝင်ပြီး နည်းပြသစ် ဂဲလ်တီယာလက်ထက် ခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းတွေပိုင်ဆိုင်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က