ချာနာသစ်အတွက်တော့ ဝမ်းသာစရာသတင်းတွေက ဆက်တိုက်ဖြစ်ပေါ်လာခဲ့တာပါ။

ဆူဇူကီးဖလားချန်ပီယံထိုင်းအသင်းရဲ့ အသင်းခေါင်းဆောင် ချာနာသစ်ဟာ ဂျေလိဂ်ချန်ပီယံအသင်းဖြစ်တဲ့ ကာဝါဆာကီအသင်းကို ပြောင်းရွှေ့ဖို့နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဂျပန်မီဒီယာအများအပြားရဲ့ ဖော်ပြချက်အရ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ ဆော်ပိုရိုကနေ အမှတ်ပေးချန်ပီယံအသင်းကို ရောက်ရှိတော့မယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဆူဇူကီးဖလားပြိုင်ပွဲမှာ ထိုင်းအတွက် ခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲရဲ့ တန်ဖိုးအရှိဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ချာနာသစ်အတွက်တော့ ကစားသမားဘ၀မှာ နောက်ထပ်တဆင့်ကို တက်လှမ်းနိုင်မယ့် သဘောလည်းဖြစ်ပါတယ်။ ဆော်ပိုရိုအတွက် ၆၉ ပွဲကစားပေးပြီး ၆ ဂိုး သွင်းယူပေးခဲ့တဲ့ ချာနာသစ်ဟာ ဂျေလိဂ်မှာ ၃ ရာသီကြာ ကစားထားပြီးလည်းဖြစ်ပါတယ်။ 

ဆော်ပိုရိုအသင်းရဲ့ ကစားသမားတွေက ရွေးချယ်ခဲ့တဲ့ တရာသီအကောင်းဆုံးကစားသမားဆုကိုလည်း ချာနာသစ်က ၂၀၁၈ မှာ ရရှိခဲ့ဖူးသူဖြစ်ပါတယ်။ ဒါ့အပြင် ဂျေလိဂ်ရဲ့ တရာသီအကောင်းဆုံးအသင်းမှာ ပါဝင်နိုင်ခဲ့လို့ ဒီစာရင်းမှာ ပထမဆုံးရွေးချယ်ခံရတဲ့ အာဆီယံကစားသမားအဖြစ်နဲ့လည်း မှတ်တမ်းဝင်ခဲ့ကာ ထိုင်းလက်ရွေးစင်ရဲ့ ခြေစွမ်းက အထင်ကြီးဖွယ်ရာရှိနေခဲ့တာဖြစ်ပါတယ်။ 

ကာဝါဆာကီကတော့ ဂျေလိဂ်မှာ ချန်ပီယံ ၄ ကြိမ်ဖြစ်ဖူးပြီး ၂၀၁၇ ၊ ၂၀၁၈ ၊ ၂၀၂၀ နဲ့ ၂၀၂၁ တို့မှာ ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဒီဘက်နောက်ပိုင်းမှာ ဂျပန်လိဂ်ရဲ့ အကောင်းဆုံးအသင်းအဖြစ် ရောက်ရှိလာခဲ့တာဖြစ်ပြီး ချာနာသစ်အတွက်တော့ ဒီလိုအသင်းမှာ ကစားခွင့်ရမယ်ဆိုတာက ကြိးမားတဲ့တိုးတက်မှုတစ်ခုလို့လည်း ယူဆရပြီး အာဆီယံဒေသတွင်းမှာ အအောင်မြင်ဆုံးကစားသမားအဖြစ် ဖြစ်လာဖို့လည်း ရှိနေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က