ပရီးမီးယားလိဂ်ကစားသမားတစ်ယောက်ဟာ သူ့ရဲ့ဇနီးသည်နဲ့အတူ သီးသန့်ဂျက်လေယာဥ်ပေါ်မှာ လိင်ဆက်ဆံနေချိန်မှာ လေယာဥ်မယ်တစ်ယောက်နဲ့ ပက်ပင်းတိုးခဲ့တယ်လို့ သိရှိရပါတယ်။
ဒီအကြောင်းကိုတော့ လိုရီလို့အမည်ရတဲ့ လေယာဥ်မယ်တစ်ယောက်က ဖွင့်ဟပြောကြားလာခဲ့တာဖြစ်ပြီး ဖြစ်စဥ်ကို လက်တွေ့မြင်ခဲ့ရတဲ့သူက သူ့သူငယ်ချင်းလေယာဥ်မယ်တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့မှာ ညအိပ်ပြီးနောက် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကို ပျံသန်းလာခဲ့တဲ့ ဒီသီးသန့်ဂျက်လေယာဥ်ပေါ်မှာ အခုလိုမျိုးပဲ ကစားသမားက သူ့ရဲ့ဇနီးသည်နဲ့ လိင်ဆက်ဆံခဲ့တာပါ။
ဒါ့အပြင် လိုရီက ဘောလုံးသမားတစ်ယောက်ရဲ့ သီးသန့်လေယာဥ်ခရီးစဥ်တစ်ခုမှာလည်း အဆိုပါဘောလုံးသမားက သူ့ရှေ့မှာတင် အဝတ်အစားချွတ်လဲတာကို မြင်တွေ့ခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်နှစ်ခုလုံးမှာ အဓိကပါဝင်ခဲ့တဲ့ ကစားသမားတွေရဲ့နာမည်ကို လိုရီက လုံးဝထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိတာကြောင့် ပရိသတ်တွေအတွက်တော့ ပဟေဠိဖြစ်စရာကောင်းနေတော့မှာ သေချာပါတယ်။