မနေ့ညက ကစားခဲ့တဲ့ ယူရို - ၂၀၂၄ ခြေစစ်ပွဲစဉ်မှာ ပြင်သစ်က ဂျီဘရော်တာကို (၁၄) ဂိုးအထိ သွင်းယူပြီး ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒါက သူတို့အတွက် ဒီခြေစစ်ပွဲတွေမှာ (၇)ပွဲမြောက် နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။
ပြင်သစ်ဟာ ပွဲအစ (၃) မိနစ်ကတည်းက ပြိုင်ဘက်ကစားသမားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာပဲ သူရမ်က အသင်းအတွက် နှစ်ဂိုး သွင်းယူပေးခဲ့ပြီး ပြင်သစ်တို့ သက်သောင့်သက်သာနဲ့ ပွဲကို အစပြုခဲ့တာပါ။
ဂျီဘရော်တာက ကိုယ့်ဂိုးကိုယ်သွင်းခဲ့တဲ့ ကစားသမား အီသန်ဆန်းတို့စ် အနီကတ် ထိခဲ့တာကြောင့်လည်း ပြင်သစ်တို့ တစ်ယောက်အသာနဲ့ ကစားခဲ့ရပြီး လက်ကျန် ပွဲကစားချိန်တွေမှာ ပိုမိုလွယ်ကူသွားခဲ့ပါတယ်။
ပြင်သစ်အတွက် ဂိုးတွေကို ကလော့စ်၊ ကိုးမန်း၊ ဖိုဖာနာ၊ ရာဘီရော့၊ အူစမန်နီဒမ်ဘီလီတို့က သွင်းယူပေးခဲ့ပြီး အမ်ဘာပေကတော့ ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။ အဲ့ဒီနောက် ဂျီရော့က နှစ်ဂိုးထပ်သွင်းပြီး ပြင်သစ်တို့ (၁၄) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ပြင်သစ်အတွက် ဒီလိုမျိုး တစ်ပွဲတည်းမှာ (၁၄) ဂိုးသွင်းနိုင်တာက သမိုင်းတစ်လျှောက်မှာ ပထမဆုံးဖြစ်ခဲ့ပြီး လက်ရွေးစင်အသင်းအတွက် သမိုင်းဝင်ညတစ်ညလည်း ဖြစ်ခဲ့ပါတယ်။