သူ့ရဲ့ ဂိုးသွင်းစွမ်းရည်အတွက် ယူနိုက်တက်ပရိသတ်တွေက စိတ်ပူနေကြပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဗက်ဟေ့ာစ်ဟာ ဂျီဘရော်တာနဲ့ ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲမှာ ဟော်လန်အတွက် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမယ့် တဂိုးမှမသွင်းယူနိုင်ခဲ့ပါဘူး။ ဗက်ဟော့စ်ကို ရော်နယ်ကိုးမန်းက အထောင်တိုက်စစ်မှူးအဖြစ်နဲ့ ပွဲထုတ်ခဲ့ပေမယ့် အသင်းငယ်လေး ဂျီဘရော်တာဘက်ကို ဂိုးမသွင်းနိုင်ခဲ့တာပါ။ အဲဒီပွဲမှာတော့ ဟော်လန်က ၃-၀ နဲ့ အနိုင်ရခဲ့ပြီး နောက်ခံလူနသန်အကီက ၂ဂိုး၊ မမ်ဖစ်ဒီပိုင်းက တဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ 

ဒီပွဲမှာ ဟော်လန်က ဂိုးကန်သွင်းချက်ပေါင်း ၅၁ ကြိမ်အထိ ရရှိခဲ့ပြီး ဒါဟာ စံချိန်တင်များပြားလွန်းတဲ့ အရေအတွက်လည်းဖြစ်ပါတယ်။ ဒါပေမယ့် ဂိုးပေါက်တည့်မှုကတော့ ၁၂ ကြိမ်သာရှိခဲ့ပြီး ဗက်ဟော့စ်ကတော့ နသန်အကီလို ခံစစ်မှူးက ၂ဂိုးသွင်းခဲ့တာနဲ့ နှိုင်းယှဉ်ကာ ဝေဖန်ခံနေရပြီး ယူနိုက်တက်ပရိသတ်တွေကလည်း သူ့ရဲ့ခြေစွမ်းအတွက် စိုးရိမ်မိတယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။ ညကလည်း သူက အပိုင်အခွင့်အရေး ၃ ကြိမ်အထိကို လွဲချော်ခဲ့ရပါတယ်။

ဗက်စ်ဟော့စ်ဟာ ယူနိုက်တက်မှာလည်း အပိုင်အခွင့်အရးတွေကို အသုံးမချနိုင်ဘဲ မကြာခဏဆိုသလို လွဲချော်နေခဲ့သူဖြစ်ပါတယ်။ နည်းပြတန်ဟက်ဂျ်က သူ့ကို ပုံမှန်ကစားခွင့်ပေးထားပြီး အသင်းကွင်းလယ်နဲ့ တိုက်စစ်ကို လိုက်ပါကစားပေးနေရကာ ချိတ်ဆက်ကစားပုံကောင်းမွန်ပေမယ့် ဂိုးတော့မသွင်းနိုင်ဖြစ်နေပြီး အခုချိန်ထိ ၁၈ပွဲကစားအပြီး ၂ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။

နယ်သာလန်ဟာ တပွဲလုံးမှာ ပေးပို့မှုပေါင်း ၆၉၄ ကြိမ်ပြုလုပ်ခဲ့ပြီး ဂျီဘရော်တာကတော့ ၅၅ ကြိမ်သာရှိခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ၈၆% အထိ ရှိခဲ့ကာ ထောင့်ကန်ဘောက ၁၉ ကြိမ်ရခဲ့ပြီး ပြိုင်ဘက်ကတော့ တကြိမ်မှမရခဲ့တာပါ။ ဂိုးပေါက်ကန်သွင်းမှု ၅၁ ကြိမ်ဟာ Squawka က သူတို့တ​ွေ စာရင်းအချက်အလက်ကောက်ယူခဲ့တဲ့ အချိန်ကစလို့ ဒီနေ့အချိန်ထိ အသင်းတသင်းက အများဆုံးကန်သွင်းနိုင်ခဲ့တာလို့လည်း ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က