Sky Sports ရဲ့ အစီအစဉ်တင်ဆက်သူဟောင်း ရစ်ချက်ကီးစ်ဟာ သမီးဖြစ်သူရဲ့ သူငယ်ချင်း လူစီရို့စ်ဆိုတဲ့ မိန်းကလေးနဲ့ လက်ထပ်ထိမ်းမြားလိုက်ပြီဖြစ်ပါတယ်။ သူဟာ ၂၀၁၁ တုန်းက လိင်ပိုင်းဆိုင်ရထိပါးပြောဆိုမှုတခုမှာ ပါဝင်ပတ်သက်မှုနဲ့အတူ Sky Sports ကနေ ၂၀၁၁ မှာ နုတ်ထွက်ခဲ့သူလည်း ဖြစ်ပါတယ်။
သူတို့ဟာ လီဗာပူးလ်နဲ့ ၀ုလ်ဗ်တို့ရဲ့ ပွဲစဉ်မှာ တာာဝန်ယူပေးခဲ့တဲ့ အမျိုးသမီးအကူဒိုင်တဦးဖြစ်သူ Sian Massey ကို လှောင်ပြောင်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ အခုအခါ သူက လူစီရို့စ်နဲ့ စနေနေ့က လက်ထပ်ခဲ့ပြီး သူ့ထက် အသက် ၃၀ လောက်ငယ်ရွယ်တဲ့ အမျိုးသမီးကို ပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ရစ်ချက်ကီးစ်က အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ "ကျနော် နည်းနည်းစိတ်လှုပ်ရှားနေပေမယ့် အရမ်းကံကောင်းသူတယောက်ပါ၊ ဟန်းနီးမွန်းအဖြစ် ကျနော်တို့ ကနေဒါကို သွားမှာပါ၊ ဩဂုတ်လမှာတော့ နှစ်ယောက်စလုံး အလုပ်ပြန်ဝင်ပြီး ကျနော့်အတွက် ဘောလုံးရာသီက စတင်ပါပြီ၊ အခုချိန်မှာ လူတွေပြောဆိုနေမှာသိပေမယ့် ကျနော် ဂရုမစိုက်ပါဘူး" လို့ သူက The Sun ကို ပြောဆိုခဲ့ပါတယ်။
ရစ်ချက်ကီးစ်ဟာ ဇနီးဟောင်းဖြစ်သူနဲ့ ၂၀၁၆ က ခွာပြဲခဲ့ပြီး လူစီရို့စ်နဲ့ ငြိစွန်းနေတာကြောင့်လို့ စွပ်စွဲခံရဖူးပါတယ်။ အဲဒီတုန်းကတော့ သူက ငြင်းဆိုခဲ့ပြီး အခုအခါမှာတော့ ဒါတွေက အမှန်ဖြစ်တယ်ဆိုတာကို သက်သေပြလိုက်သလို ဖြစ်ခဲ့ပါတယ်။ ရစ်ချက်ကီးစ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကမှ မန်စီးတီးကွင်းလယ်လူ ဂရီလစ်ရှ်ကို အရက်သမားဖြစ်မယ်လို့ ဝေဖန်ခဲ့သူပါ။
မန်စီးတီးနဲ့အတူ ဖလားသုံးလုံးရယူနိုင်ခဲ့ပြီးနောက် ဂရီလစ်ရှ်က အရက်အလွန်အကျွံသောက်သုံးကာ အောင်ပွဲခံမှုတွေလုပ်ခဲ့တာကို သူက တွစ်တာကတဆင့် ဝေဖန်ခဲ့တာပါ။ အခုအခါမှာတော့ သူက သမီးဖြစ်သူရဲ့ သူငယ်ချင်းနဲ့ လက်ထပ်ခဲ့ပြီး ဝေဖန်မှုတချို့ကို ပြန်လည်ရင်ဆိုင်နေရပါပြီ။